News

Fortnite မှာ Two-factor authentication လုပ်ရင် give away တစ်ခုရမှာတဲ့နော်

ဘော်ဒါတို့ရေ Third-person online shooting game ဖြစ်တဲ့ Fortnite: Battle Royale ဂိမ်းမှာ two-factor authentication ကိုပြုလုပ်ရင် player တွေအတွက် Boogie Down dance emote ကိုပေးမှာဆိုတာကို သိပြီးကြပြီလား?

လုံခြုံရေးစနစ်စီမံချက်ဆိုတာ hacker တွေရဲ့ ရန်ကနေ account ကို ကာကွယ်ဖို့ အတွက် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ Account ကို two-factor စနစ်ထားထားရင် သင့်ရဲ့ account ကို အခြားသူတစ်ယောက်က လာရောက်ခိုးရင်တောင် second factor ဖြစ်တဲ့ သင့်ရဲ့ဖုန်းထဲကို ပို့လိုက်တဲ့ စာတို နဲ့ email ထဲကို ပို့လိုက်တဲ့ PIN no (သို့) Physical security key တစ်ခုကို ထပ်မံ ကျော်ဖြတ်ဖို့ လိုအပ်ဦးမှာပါ။ အဲ့တာကြောင့် account ကိုဖောက်ထွင်းဖို့ ထင်သလောက် လွယ်ကူမှာမဟုတ်ပါဘူး။ Two-factor authentication က security နဲ့ ပတ်သတ်တဲ့ နေရာမှာ ကောင်းမွန်ပေမယ့် သူ့ကို အမှန်တကယ် အသုံးပြုဖို့အတွက်ကလည်း တကယ့်ကို စိန်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ပညာရှင်များကဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စစ်တမ်းကောက်ယူခဲ့တဲ့ Duo Security survey အရ အမေရိကန်လူမျိုးတစ်ဝက်ကျော်လောက်က two-factor authentication အကြောင်းကို ကြားတောင်မကြားဖူးကြပါဘူး။ အဲ့တာကြောင့် အခုလို ပရိသတ် ၁၂၅ သန်းကျော်ရှိတဲ့ နာမည်ကြီးဂိမ်းမှာ two-authentication ကို give away ပေးပြီး ပရိုမိုးရှင်းပြုလုပ်လိုက်တာပါ။ Fortnite မှာပြုလုပ်လိုက်တဲ့ ပရိုမိုးရှင်းက ဘယ်လောက်အထိအောင်မြင်နိုင်မလဲဆိုတာတော့ မသိနိုင်သေးပါဘူး။

အကယ်၍ သင်က Fortnite ပရိသတ်တစ်ယောက်ဖြစ်တာကြောင့် two-factor authentication ကို enable လုပ်ချင်တယ်ဆိုရင် သင့်ဂိမ်းရဲ့ account setting ထဲက Unreal Engine’s website ထဲကိုသွားပြီး “Password and security” ဆိုတာလေးကိုရှာလိုက်ပါနော်။ Epic Games က သင့်ကို two-factor authentication ကို enable ပြုလုပ်ဖို့အတွက် email (သို့) app ကနေတဆင့် ခွင့်ပြုပေးပါလိမ့်မယ်။

အခုလိုလုပ်ခြင်းက hacker တွေ Fortnite app အတုတွေဖန်တီးပြီး လူတွေကို လိမ်လည်တာကို ကာကွယ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့တုန်းကလည်း Talos Intelligence Group မှ security researcher တစ်ယောက်ဖြစ်တဲ့ Craig William က ထိပ်တန်း Android malware နမူနာများရဲ့  ၃၀ ရာခိုင်နှုန်း ဟာ Fortnite ဗားရှင်း အတုများ ဖြစ်နေကြောင်းကို twitter မှာ ရေးသားဖော်ပြခဲ့ဖူးပါတယ်။

ကဲ့… Playon က ဘော်ဘော်တို့တွေရောဘယ်လိုလဲ???  Fortnite account ကို two-factor authentication ခံဖို့အတွက်စိတ်ဝင်စားကြလား။ အခုချိန်မှာသူ့ကို enable လုပ်ရင် Dance emote တစ်ခုပါ give away အဖြစ်ရမှာဆိုတော့ လုံးဝကို တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲနော်။ ဒီအောက်က link လေးထဲဝင်ပြီး ပြုလုပ်လို့လည်းရပါတယ်။

Link – Two-factor authentication

Source: cNET

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: