News

Fortnite Android version က Galaxy Note 9 အတွက်သီးသန့်အရင်ထွက်ရှိလာမှာလား ?

ဘော်ဒါတို့ရေ Fortnite ရဲ့ Android ဗားရှင်းကိုစောင့်ခဲ့နေရတာ စိတ်ကုန်နေကြပြီလား။ စိတ်ကုန်လည်းကုန်ချင်စရာပါ။ Fortnite ကို Apple iOS အတွက် ထွက်ရှိပြီးချိန်ကတည်းက Android အသုံးပြုသူတွေက Fortnite Android ဗားရှင်းကို စိတ်အားထက်သန်စွာနဲ့စောင့်မျှော်နေခဲ့ကြတာပါ။ အချိန်အကြာကြီးစောင့်ခဲ့ရတဲ့ Android ဗားရှင်းထွက်လာမယ့် အချိန်ကိုလက်ရှိမှာသိရှိရပြီဖြစ်ပါတယ်။

Fortnite ရဲ့ Android ဗားရှင်းကတော့ Samsung Galaxy Note 9 နဲ့အတူ August 24 ရက်နေ့လောက်မှာထွက်ရှိလာနိုင်ဖွယ်ရှိပါတယ်။ Galaxy Note 9 အတွက် သီးသန့် ရက် ၃၀ အရင်ထွက်ပြီးရင်တော့ အခြား သတ်မှတ်ထားတဲ့ ဖုန်းတွေအတွက် ရောက်ရှိလာမှာပါ။ ခန့်မှန်းခြေစက်တင်ဘာလ ၂၃ ရက်နေ့လောက်မှ ထွက်လာဖို့များပါတယ်။ အကယ်ရ သင်က Samsung Galaxy Note 9 ကို order မှာပြီးဝယ်ယူမယ့်သူဆိုရင် Fortnite ဂိမ်းကစားရင်း အသုံးပြုနိုင်မယ့် $100-$150 တန် V-Bucks တွေကို အခမဲ့ရရှိမယ်လို့သိရပါတယ်။ V-Bucks တွေကို game skins, dances, the battle pass, gliders, နဲ့ pickaxes တွေဝယ်ယူတဲ့အခါမှာ သုံးလို့ရပါတယ်။

အဲ့တော့ Fortnite ရဲ့ Android version ထွက်ရှိဖို့ကြန့်ကြာနေတဲ့ အဓိကအကြောင်းအရင်းကတော့ Galaxy Note 9 သီးသန့်တစ်ခုတည်းနဲ့ ရက် ၃၀ ခန့်ထွက်ရှိဖို့ သဘောတူထားတာကြောင့်လို့ပဲ ဆိုရတော့မှာပါ။

ပြီးတော့ Fortnite ရဲ့ Android ဗားရှင်းစထွက်ထွက်ချင်းမှာ Android device အမျိုးအစား ၄၀ ခန့်လောက်ကိုထောက်ပံ့ပေးမှာဖြစ်တယ်လို့လည်း ထပ်မံသိရှိရပါသေးတယ်။ ဆိုလိုချင်တာကတော့ အဲ့ဒီ Android ဖုန်းအမျိုးအစား ၄၀ နဲ့ပဲ အရင်ဆုံးကစားရမယ်လို့ပြောချင်တာပါ။ ၄၀ ထဲမှာမပါတဲ့ အခြား ဖုန်းအမျိုးအစားတွေနဲတော့ ကစားလို့ရဦးမှာ မဟုတ်သေးပါဘူးနော်။ အဆိုပါ ဖုန်းအမျိုးအစား ၄၀ ထဲမှာ နောက်ဆုံးထွက် Google Pixel ဖုန်းများ၊ Huawei, LG, Samsung နဲ့ အခြား အမျိုးအစားများလည်းပါဝင်ပါတယ်။ Fortnite Android ဗားရှင်းကို သတ်မှတ်ထားတဲ့ ဖုန်းအမျိုးအစား ၄၀ ခုနဲ့ပဲကစားလို့ရနိုင် တဲ့ အကြောင်းအရင်က သူတို့တွေမှာ ဂိမ်းကို ဆွဲနိုင်မယ့် စွမ်းရည် လုံလုံလောက်လောက်ရှိလို့ဖြစ်တာကြောင့်လို့သိရပါတယ်။

ဖုန်းအမျိုးအစား စာရင်း အရမ်းတိုနေရတာက Android ဗားရှင်းကို Epic Games က အခုချိန်ထိစမ်းသပ်နေဆဲ အခြေအနေမှာပဲရှိနေလို့ဖြစ်ပါတယ်။ Android devices တစ်ခုချင်းစီမှာ သူတို့ရဲ့ ဂိမ်း run နိုင်လား၊ မrun နိုင်ဘူးလားဆိုတာ စမ်းသပ်နေတာကြောင့် အကုန်လုံးကိုစုပြီး ချမပေးတာပါ။ အဲ့တော့ စာရင်းထဲမှာ ကိုယ့်ဖုန်းအမျိုးအစား မပါလာရင်လည်း စိတ်မပူကြပါနဲ့နော်။ Epic Games က စမ်းသပ်ပြီးလို့ သင့်ဖုန်းမှာ run နိုင်တဲ့အနေအထားမှာရှိနေရင် ကစားလို့ရမှာပါ။

သင့်ရဲ့ device နဲ့ ကစားလို့ ရ/မရ သိချင်ရင်တော့ အောက်မှာဖော်ပြထားတဲ့ ဖုန်း အမျိုးအစားလေးတွေကို ဝင်ကြည့်ပေးသွားနိုင်ပါတယ်။

• Google Pixel 2

• Google Pixel 2 XL

• Huawei Mate 10

• Huawei Mate 10 Lite

• Huawei Mate 10 Pro

• Huawei P10

• Huawei P10 Plus

• Huawei P10 Lite

• Huawei P9

• Huawei P9 Lite

• Huawei P8 Lite (2017)

• LG G6

• LG V30

• LG V30+

• Motorola Moto E4 Plus

• Motorola Moto G5

• Motorola Moto G5 Plus

• Motorola Moto G5s

• Motorola Moto Z2 Play

• Nokia 6

• Razer Phone

• Samsung Galaxy A5 (2017)

• Samsung Galaxy A7 (2017)

• Samsung Galaxy J7 Prime (2017)

• Samsung Galaxy J7 Pro (2017)

• Samsung Galaxy Note 8

• Samsung Galaxy On7 (2016)

• Samsung Galaxy S9

• Samsung Galaxy S9+

• Samsung Galaxy S7

• Samsung Galaxy S7 edge

• Samsung Galaxy S8

• Samsung Galaxy S8+

• Sony Xperia XA1

• Sony Xperia XA1 Ultra

• Sony Xperia XA1 Plus

• Sony Xperia XZ

• Sony Xperia XZs

• Sony Xperia XZ1

Fortnite ဗားရှင်း run နိုင်မယ့်ဖုန်းတွေမှာ အနည်းဆုံး Qualcomm Snapdragon 430, MediaTek MT6737, Exynos 787 (သို့) CPU အတွက် HiSilicon Kirin 655, Adreno 505, GPU အတွက် Mali- T720 နှင့် RAM 3GBs ရှိရမယ်လို့သိရပါတယ်။ အကယ်၍ သင့်ရဲ့ device က အပေါ်မှာဖော်ပြထားတဲ့ specifications တွေနဲ့ တူနေရင်(သို့) ပိုနေရင် Epic Games whitelists ထဲမှာပါလာတာနဲ့တစ်ပြိုင်နက် Fortnite Mobile ကို ကစားလို့ရနိုင်မှာဖြစ်ပါတယ်။

ကဲ… Playon ကဘော်ဒါတွေရဲ့ဖုန်းတွေကရော အပေါ်မှာဖော်ပြသွားတဲ့ဖုန်းတွေလား ??? ဟုတ်နေတယ်ဆိုရင်တော့ Fortnite Android ဗားရှင်းကို ကစားဖို့ ပြင်ထားကြတော့နော်။

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: