ArticleNews

App Store မှ Infinity Blade Games အားလုံးကို ဖယ်ရှားလိုက်တဲ့ Fortnite Studio

Fortnite ကို ထုတ်လုပ်ခဲ့တဲ့ Epic Games ကတော့ ကိုယ်ပိုင် Game Store တစ်ခု ပြုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပွဲကြမ်းလို့နေပါပြီ။ Epic Games ဘယ်လိုတွေ ပွဲကြမ်းနေပြီလဲဆိုတာ သိချင်ရင်တော့ အောက်မှာ ဆက်ပြီးဖတ်ကြပေးပါနော်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက Fortnite ရဲ့ Game studio ဖြစ်တဲ့ Epic Games က သူ့ရဲ့ iOS exclusive franchise ကို App Store မှ ဖယ်ရှားပါတယ်။ ဖယ်ရှားခဲ့တဲ့ ဂိမ်းရဲ့ နာမည်က Infinity Blade ဖြစ်ပါတယ်။ Fortnite ကို မထုတ်လုပ်ခင် ဟိုးအရင်ကတည်းက Developer Epic Games က Infinity Blade လို့ခေါ်တဲ့ ဂိမ်းစီးရီးကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Infinity Blade ဟာ လူကြိုက်များအောင်မြင်တဲ့ ဂိမ်းဖြစ်ပြီး သူ့ကို Infinity Blade, Infinity Blade II, Infinity Blade III ဆိုပြီး စုစုပေါင်း ၃ခု ထုတ်လုပ်ထားပါတယ်။ အဲ့ဒီ ဂိမ်း ၃ ခုစလုံးကို Epic Games က iOS App Store ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်းက အမှတ်မထင် မပြောမဆိုပဲ ဖယ်ရှားခဲ့ပါတယ်။

ဂိမ်းကို ဖျက်သိမ်းခြင်းမဟုတ်ဘဲ Store ပေါ်ကသာ ဖယ်ရှားခဲ့တာကြောင့် Infinity Blade 1-3 ကို မိမိတို့ရဲ့ iOS device မှာ ဒေါင်းလုတ်လုပ်ထားသူတိုင်း ဂိမ်းကို ဆက်လက် ကစားနိုင်မှာဖြစ်သလို redownload လည်းပြန်လုပ်နိုင်မယ်လို့သိရပါတယ်။ ဒါပေမယ့် app-purchase တွေကတော့ ပိတ်သွားမယ်လို့ သိရပါတယ်။ အခုလို ဆုံးဖြတ်ချက် ချလိုက် ရတဲ့အကြောင်းနဲ့ ပတ်သတ်ပြီး Epic Games ဘက်မှ ဖြေရှင်းချက်ကတော့ Infinity Blade franchise ကို သူတို့ မှန်းထားတဲ့ စံနှုန်းနဲ့ ထိရောက်အောင် Spyjinx နဲ့ အခြား ပရောဂျက်တွေနဲ့ တစ်ပြိုင်တည်း ထောက်ပံ့ရာမှာ အရမ်းကို ခက်ခဲလာတာကြောင့်ဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး Epic ရဲ့ Donald Mustard က ခုလိုပဲ ပြောကြားထားပါတယ်။

“Infinity Blade series က ကျွန်တော်ရဲ့ ကိုယ်ရေးကိုယ်တာအတွက်ရော၊ Epic တစ်ခုလုံးအတွက်ရော အမြဲတမ်းအရေးပါတဲ့ နေရာမှာ ရှိနေခဲ့ပါတယ်။ နှုတ်ဆက်စကား ပြောတယ်ဆိုတာ အမြဲတမ်း ဝမ်းနည်းဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ Spyjinx နဲ့ နောင်လာမယ့် ဂိမ်းတွေအတွက် စိတ်လှုပ်ရှားမိပါတယ်။”

Epic က Infinity Blade III ကို Clash Mobs နဲ့ အခြား အံ့သြဖွယ်ရာတွေနဲ့အတူ နောင်လမှာ ဆက်လက်ပြီး ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Infinity Blade စီးရီးကို မထင်မှတ်တဲ့ နေရာမှာ ဆက်လက်ပြီးတွေ့ရမယ်လို့ ပြောထားပါသေးတယ်။ ဒီအချက်ကတော့ Epic Games store နဲ့ သွားပြီး ဆက်စပ်နေမှာပါ။

Infinity Blade ရဲ့ ပထမဦးဆုံး စီးရီးက ၂၀၁၀ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ၂၀၁၁ နဲ ၂၀၁၃ ခုနှစ်မှာ သူ့ရဲ့ အဆက်တွေထွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အစပိုင်းမှာ Epic က သူ့ရဲ့ MOBA Paragon ကို ဖယ်ရှားခဲ့ပါတယ်။ လတ်တလောမှာတော့ Studio ဘက်က Star War နဲ့ Star Trek တို့ရဲ့ ဒါရိုက်တာဖြစ်သူ JJ Abrams နဲ့ လက်တွဲပြီး Spyjinx ကို ဆက်လက် ဖန်တီး လျှက်ရှိပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိဖို့ ပြင်ဆင်ထားပေမယ့် ဖြစ်မလာခဲ့ပါဘူး။ အခုအချိန်အထိ ဖန်တီးနေတုန်းအဆင့်မှာပဲ ရှိပါသေးတယ်။ နောက် ပရောဂျက်တစ်ခုကတော့ Epic Games Store အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

Ref: Gamespot

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password