News

သတ်မှတ်ထားတဲ့ device တွေမှာ 60fps နဲ့ Controller ထောက်ပံ့ပေးနေပြီဖြစ်တဲ့ Fortnite

မိုဘိုင်းလ် ဗားရှင်းအတွက် စိတိလှုပ်ရှားဖို့ကောင်းတဲ့ Controller ထောက်ပံ့မှု update ကို Fortnite မှ မကြာခင်ကပြုလုပ်ပေးခဲ့ပါတယ်။ ဒါ့အပြင် Android device တွေအတွက် 60fps ကိုလည်း run ပေးနိုင်နေပြီလို့သိရပါတယ်။ Controller က ဖုန်းကို အချိန်အကြားကြီးကစားရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်နှာပြင် အပူလွန်ကဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သူ့ကို အရင်က PUBG မှာပဲ သုံးနိုင်တာပါ။ အခုမှ Fortnite အတွက် ရောက်လာတာပါ။ ရိုးရိုး Controller ရော Bluetooth controller ရော နှစ်မျိုးစလုံးနဲ့ အသုံးပြုလို့ရနိုင်မယ်လို့လည်း သိရပါတယ်။ 60fps ကလည်း Ultra HD ပုံထွက်ပေးမယ့် RS ဖြစ်တာကြောင့် ကစားရတာလုံးဝကို ကြည်ပြီးလှနေမှာပါ။ ဒါပေမယ့် သူ့ကိုတော့ ဖုန်းတိုင်းမှာ မရသေးပါဘူး။ သတ်မှတ်ထားတဲ့ device တွေမှာပဲ ရပါသေးတယ်။

60fps အတွက် ရရှိနေပြီဖြစ်တဲ့ device တွေက Galaxy Note9 , Hwawei Honor View 20 နဲ့ Hwawei Mate 20 X တို့ပဲဖြစ်ကြပါတယ်။ တရားဝင် website မှာတင်ထားတဲ့အကြောင်းအရာအရ အဆိုပါ 60fps ဗားရှင်းကို အနာဂတ်မှာလည်း အခြား device တွေအတွက် ထပ်ပြီး ရရှိဦးမယ်လို့ သိရပါတယ်။

ဒါ့အပြင် update အသစ်မှာitem အသစ် Chiller Grenade နဲ့ Solid Gold (Limited Time Mode) အသစ်ပါ ထည့်သွင်းထားတယ်လို့သိရပါတယ်။SOLID GOLD update အသစ်ထဲမှာတွေ့ရမယ့် လက်နက်တစ်ခုစီတိုင်းက အရမ်းကို ဒဏ္ဏာရီဆန်လွန်းတယ်လို့လည်းကြားမိပါတယ်။ ဘယ်လိုပုံလေးတွေလည်း စမ်းမကြည့်ချင်ကြဘူးလား။နောက်ဆုံး Update အကြောင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိချင်ရင် ဒီ link လေးထဲဝင်ကြည့်နိုင်ပါတယ်။

Fortnite ကို Controller နဲ့ကစားရမယ့် ခံစားချက်ကိုလည်း အရမ်းတွေသိချင်နေကြပြီမဟုတ်လား။ သိချင်ရင်တော့ စမ်းကြည့်ကြဖို့မမေ့နဲ့နော်။XD

Source- https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password