News

Netease ရဲ့ နောက်ထပ် Fortnite Clone: ‘Project: Battle’

Netease ကတော့ သူများဂိမ်းတွေ Clone လုပ်ရင် ဘယ်တော့မှ တစ်ခုတည်းနဲ့ အားမရရှာပါဘူး။ PUBG တုန်းကလည်း Knives Out, Survival Royale နဲ့ Rules of Survival ဆိုပြီး Battle Royale ဂိမ်း ၃ ခုကြီးများတောင် ထုတ်ခဲ့ပါတယ်။ Fortnite အလှည့်ကျတော့လည်း Fortnite Mobile ရဲ့ Beta ကြေညာပြီး နာရီပိုင်းအကြာမှာပဲ သူ့ရဲ့ Fortcraft Beta ကို စတင်ခဲ့တာကို တွေ့ရမှာပါ။

Fortnite ကို Clone လုပ်တာကို Fortcarft မှာတင်ရပ်သွားမယ်ထင်ထားခဲ့တာ အမှားကြီးမှားသွားခဲ့တာပါပဲ။ အခုနောက်တစ်မျိုးလာပြန်ပါပြီ… “Project: Battle” တဲ့။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ တရားစွဲခံရတာတွေ ဘာတွေကို ရှောင်ချင်လို့ထင်ပါတယ်.. ဒဲ့ကြီး Copy တာမျိုးမဟုတ်ပဲ ကိုယ်ပိုင် Feature လေးတွေထည့်သွင်းလာတာကို တွေ့ရပါတယ်။

Fortnite Clone လို့ဘာကြောင့်ပြောရသလဲဆိုရင် Project: Battle မှာ Fortnite ရဲ့ Unique Feature ဖြစ်တဲ့ ကာတွန်းဆန်ဆန် Graphic နဲ့ Sandbox စတိုင် ပစ္စည်းတွေ Craft ရတာ ပါ၀င်လာတဲ့အတွက်ပါ။ ဒါပေမယ့် ဒီဂိမ်းမှာတော့ Transportation Method အနေနဲ့ ကား၊ လေယာဉ်နဲ့ လှေတွေ ပါ၀င်လာမှာပါ။ ပြီးတော့ အိမ်တွေဆောက်တာမှာလည်း ရေဒါလိုမျိုး ရန်သူတွေကိုထောက်လှမ်းလို့ရမယ့် အသုံးဝင်တဲ့အဆောက်အအုံမျိုးတွေ ဆောက်လို့ရမယ်လို့ဆိုပါတယ်။ ပြောမယ်ဆိုရင် နဂိုရှိပြီးသား Fortnite Model ကို Modify ထပ်လုပ်ထားတာပေါ့။

Project: Battle ဟာ လောလောဆယ် Alpha Test ကာလမှာပဲရှိပါသေးတယ်။ Test က မေလ ၁၈ ကနေ မေလ ၂၄ ရက်အတွင်းပြုလုပ်သွားမှာဖြစ်ပါတယ်။ လောလောဆယ်မှ Alpha ဆိုတော့ တကယ်ထွက်လာဖို့က လအနည်းငယ်စောင့်ဆိုင်းရဦးမယ်လို့ ခန့်မှန်းရပါတယ်။ Clone ဆိုပေမယ့် စိတ်ဝင်စားဖို့ကောင်းတာမို့ Battle Royale ချစ်သူတွေ မသိလိုက်မရှိအောင် လက်တို့ပေးထားလိုက်ပါတယ်။

 

Ref: Droid Gamers

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: