News

Cross-Platform ကစားလို့ရမယ့် ‘Fortnite: Battle Royale’ – Android နဲ့ iOS ဆီလာမယ်လို့ ကြေညာလိုက်ပြီ

PC နဲ့ Console ပေါ်က အလွန်နာမည်ကြီးတဲ့ Multiplayer ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite ဟာ Mobile Platform တွေဖြစ်တဲ့ Android နဲ့ iOS တို့အပေါ်ကို ရောက်လာတော့မယ်လို့ Fortnite ဂိမ်းရဲ့ Developer ဖြစ်တဲ့ Epic Games က Official Blog Post ကနေတစ်ဆင့် ကြေညာလိုက်ပါတယ်။

နာမည်ကြီး IP တစ်ခုကို Platform ပေါင်းစုံမှာထုတ်တာက မထူးဆန်းပေမယ့် ဒီ Fortnite Mobile က သူများတွေနဲ့မတူပါဘူး။ အဲဒါကတော့ ဒီ Fortnite Mobile ဟာ PC/Console ဂိမ်းကို Port လုပ်ပြီး Feature တွေလျှော့ထားတဲ့ Stand-alone Version ထုတ်တာမျိုးမဟုတ်ပဲ ကျန်တဲ့ Platform အားလုံးနဲ့ချိတ်ဆက်ပြီး cross-play ကစားလို့ရမှာဖြစ်ပါတယ်။ Game Content ရော Gameplay Mode တွေကပါ PS4, Xbox One, PC နဲ့ Mac platform ပေါ်က Fortnite နဲ့အတူတူပဲဖြစ်ပြီး Update တွေပါ ကျန်တဲ့ Platform တွေနဲ့တပြေးညီရရှိမယ်လို့ဆိုထားပါတယ်။ အဲဒီတော့ 100-Player Battle Royale Mode ကို ကျန်တဲ့ Platform တွေနဲ့ ချိတ်ဆက်ပြီးဆော့ကစားလို့ရတယ်ဆိုတာ အထူးတလည်တောင် ပြောနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။

Fortnite Developer Team ကတော့ “ဂိမ်းတစ်ခုတည်းကို Platform ပေါင်းစုံမှာဆော့ကစားလို့ရမယ်.. Console အရည်အသွေး Graphic ကို နေရာမရွေးအချိန်မရွေး ခံစားလို့ရမယ်။ ဒါဟာ Gaming လောကရဲ့ အနာဂတ်လို့ယုံကြည်ပါတယ်” လို့ပြောကြားထားပါတယ်။

Fortnite ပရိသတ်တွေတော့ တော်တော် Hype သွားပြီလို့ထင်ပါတယ်… Hype မယ်ဆိုလည်း Hype ချင်စရာပါပဲ။ Mobile ဂိမ်းနဲ့ Console/PC ဂိမ်းကို Cross-platform ကစားလို့ရမယ်ဆိုတာ.. အထူးသဖြင့် အက်ရှင်ဂိမ်းတစ်ခုကို ဒီလိုကစားလို့ရမယ်ဆိုတာဟာ Mobile Gamer တိုင်းရဲ့အိပ်မက်ပါပဲ။ Epic Games ရဲ့ဒီခြေလှမ်းဟာ Mobile Gaming လောကအတွက်ကတော့ တကယ့်ကိုသတင်းကောင်းတစ်ခုပါ။ ဘာကြောင့်လည်းဆိုတော့ သူ့ရဲ့အောင်မြင်မှုပေါ်မူတည်ပြီး အခြား Developer တွေကလည်း သူတို့ရဲ့ဂိမ်းတွေကို cross-platform ကစားလို့ရအောင် ဖန်တီးလာကြနိုင်ခြေရှိတဲ့အတွက်ပါ။

ကဲ.. Hype နေကြတဲ့ဘော်ဒါတွေ.. လာမယ့် မတ်လ ၁၂ ရက်နေ့ (တနင်္လာနေ့) ကျရင် www.Fortnite.com မှာ Fortnite iOS အတွက် Sign Up လုပ်လို့ရပါပြီ။ ကံကောင်းပြီးရွေးချယ်ခံရသူတွေကတော့ ဂိမ်းကို Download ပြုလုပ်ဖို့ Link ရရှိကြမှာဖြစ်ပါတယ်။ Invite Code ရရှိတဲ့သူတွေကလည်း သူငယ်ချင်းတွေကို ဝေမျှပေးနိုင်မယ့် Friend Invite Code တွေရရှိကြဦးမှာဖြစ်ပါတယ်။ ဒီအစီအစဉ်က လောလောဆယ်တော့ iOS အတွက်ပဲဖြစ်ပြီး Android အတွက်လည်း လာမှာဖြစ်တယ်လို့ဆိုထားပါတယ်။ Fortnite Mobile ကိုကစားဖို့ မိမိရဲ့ Device က iOS 11 ရှိရမှာဖြစ်ပြီး iPhone 6S/SE, iPad Mini 4, iPad Pro, iPad Air 2 နဲ့ iPad 2017 နဲ့အထက် Device တွေ လိုအပ်မှာဖြစ်ပါတယ်။

ကဲ.. Sign Up လုပ်ဖို့လည်းမမေ့ကြပါနဲ့.. Invite ရရှိခဲ့ရင်လည်း ဘော်ဒါတွေကို Share ပေးကြပါဦးလို့။ Good Luck Everyone! 😁

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password