News

ဂိမ်းထဲကို Thanos ရောက်လာမယ့် Fortnite နဲ့Avengers: Infinity War တို့ရဲ့ Epic Crossover

Fortnite က လက်ရှိအချိန်မှာ Hit အဖြစ်ဆုံးဂိမ်း.. Infinity War က ဒီနှစ်အတွက် Hit အဖြစ်ဆုံးရုပ်ရှင်.. ဒီနှစ်ခု crossover လုပ်တယ်ဆိုတော့ ၂ ခုလုံးရဲ့ Fan တွေအတွက်ကတော့ ဖလန်းဖလန်းပဲပေါ့ဗျာ။ ဒါကိုမှ Epic ဖြစ်တယ်မခေါ်ရင် ဘာကိုသွားခေါ်မတုန်း။ 😂

ဒီ Collaboration Event အကြောင်းကို မနေ့ညကမှ ကြေညာသွားခဲ့တာပါ။ “Infinity Gauntlet Limited Time Mashup” လို့ခေါ်တဲ့ ဒီ Event ဟာ ကစားရတာကတော့ ပုံမှန်ကစားနေကျ 100-Players Battle Royale ပါပဲ။ ပိုလာတာက Infinity Stones ၆ လုံးစလုံးထည့်ထားတဲ့ Infinity Gauntlet ဟာ Map ရဲ့ တစ်နေရာမှာ ရှိနေမှာပဲဖြစ်ပါတယ်။ Gauntlet ကို ရှာတွေ့တဲ့ Player က လက်အိပ်စွတ်ပြီး Thanos အသွင် ပြောင်းလို့ရမှာဖြစ်ပါတယ်။ အသွင်ပြောင်းရုံတင် မကသေးပါဘူး.. Thanos ရဲ့ Ability တွေအားလုံးကို အသုံးပြုလို့ရဦးမှာဖြစ်ပါတယ်။

ဒီ Event စ ဖြစ်လာပုံကလည်း စိတ်ဝင်စားစရာပါပဲ။ Infinity War ရဲ့ ဒါရိုက်တာတွေဖြစ်ကြတဲ့ Russo Brothers က Fortnite Fan တွေဖြစ်ပါတယ်တဲ့။ သူတို့တွေ Infinity War ရုပ်ရှင်ကို တည်းဖြတ်နေစဉ်ကာလအတွင်း အားလပ်ချိန်တွေမှာ Fortnite ဆော့ဖြစ်လေ့ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ “Infinity War နဲ့ Fortntie တို့ကို ပေါင်းလို့ရရင် ဘယ်လိုနေမလဲ” ဆိုတဲ့ Idea ရခဲ့ပြီး Epic Games ရဲ့ Creative Director ဖြစ်သူ Donald Mustard ကို ဆက်သွယ်ခဲ့တာပါလို့ EW နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Event Idea စဉ်းစားဖို့အတွက် Title ၂ ခုကို အပြန်အလှန်လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့အနေနဲ့ Franchise ၂ ခုလုံးရဲ့ အနှစ်သာရတွေပါဝင်ပြီး Fortnite Fan တွေရော Infinity War Fan တွေပါ နှစ်သက်သဘောကျလောက်မယ့် Event မျိုးလုပ်ဖို့ ရည်ရွယ်ခဲ့ကာ ၁ နာရီခန့်စဉ်းစားအပြီးမှာတော့ အပေါ်မှာပြောခဲ့တဲ့ Event ကို ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုထားပါတယ်။

ဒီ Event က ယနေ့ မေလ ၈ ရက်နေ့ကနေ စတင်မှာဖြစ်ပြီးတော့ Limited Timed Event ဆိုတဲ့အတိုင်း Collaboration ကာလပြီးဆုံးသွားရင် ဆော့ကစားလို့ရမှာ မဟုတ်တော့ပါဘူး။ အဲဒီတော့ Thanos အသွင်ပြောင်းချင်ပြီး သူ့ပါဝါတွေနဲ့ ဆော့ကစားကြည့်ချင်ရင် Event စတာနဲ့သာ ပြေးဆော့ကြပါလို့ အကြံပေးလိုက်ပါတယ်။

Ref: EW

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: