News

Android version မှာအဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရတဲ့ Fortnite

Fortnite ရဲ့ developer Epicgame ဟာအမြတ် ၃၀ ရာခိုင်နှုန်းသက်သာအောင်၊ သူ့ရဲ့ Player တွေနဲ့ တိုက်ရိုက်ချိတ်ဆက်မှုရှိတဲ့ Relationship တစ်ခုရရှိအောင် စတဲ့အချက်တွေကြောင့် Google Playstore ကိုကျော်ပြီး Installer ကနေတဆင့် သူ့ရဲ့ Beta version ကို Download ဆွဲဆော့ကစားနိုင်အောင် ဖန်တီးလိုက်တာတော်တော်များများသိပြီးကြမှာပါ။

အဲ့ဒီမှာ ဘာပြဿနာဖြစ်လဲဆိုတော့ Fornite installer မှာ မူမမှန်တဲ့အရာတစ်ခု ပြောရရင် Bug ပါလာတာပါ။ Fortnite installer ကို Download ဆွဲလိုက်တာနဲ့ Hacker တွေဟာ Download ဆွဲသူရဲ့ဖုန်းကိုဝင်ရောက်လာနိုင်တဲ့အထိ အသုံးချနိုင်တဲ့ Bug ပုံစံမျိုးဖြစ်ပါတယ်။ Fortnite installer ကနေတိုက်ရိုက်ဝင်ရောက်လာတဲ့ပုံစံမျိုးမဟုတ်ပဲ installer မှာပါလာတဲ့ Bug ကိုအသုံးချပြီး Fake Fortnite installer app ကို Download ဆွဲစေပြီးဝင်ရောက်လာမယ့် ပုံစံမျိုးပါ။

Bug အကြောင်းကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က Google Issue Tracker ရဲ့ Epicgames ကိုသတိပေးချက်အရသိရှိရတာပဲဖြစ်ပါတယ်။ Issue Tracker ရဲ့ သတိပေးချက်ကြောင့်ပဲ Epicgames ဟာ မြန်မြန်ဆန်ဆန် action တစ်ခုယူပြီး Bug မပါဝင်တော့တဲ့ Installer patch အသစ်တစ်ခုကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။ Patch အသစ်နဲ့ပတ်သက်ပြီးတော့ သတင်းတွေက တော့ငြိမ်သက်နေဆဲပါပဲ။

အခုလို ဒီကိစ္စကို Public ဖော်ပြမှုကို Epicgames ရဲ့ CEO Tim Sweeney ကသိပ်ပြီးကျေနပ်တဲ့ပုံတော့မပေါ်ဘူးဗျ။ Tim ဟာ အခုလို Google ရဲ့ ဖော်ပြချက်က မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး Tim ရဲ့ Twitter မှာရင်ဖွင့်ထားမှုအချို့ကို ရှိုးလိုက်ပါဉီး။

“ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို နောက် update တစ်ခုမထွက်ခင်အထိ တိတ်တဆိတ်ဖြေရှင်းကြဖို့ Google ကိုတောင်းဆိုခဲ့ပါတယ်။ သူတို့ဘက်က ငြင်းလိုက်ပြီး အခုတော့ PR points တွေနည်းစေပြီး မလိုလားအပ်တဲ့ ကြောက်ရွံ့မှုတွေကို ဖန်တီးလိုက်ပါပြီ။”

ဆိုပြီးရင်ဖွင့်ထားတာပဲဖြစ်ပါတယ်။

Epicgames ရဲ့ Playstore ကိုကျော်ပြီး တိုက်ရိုက် relation တစ်ခုရချင်လို့ လုပ်လိုက်တဲ့ ရလဒ်လို့ပဲဆိုရမလား…. ဘာပဲဖြစ်ဖြစ် patch အသစ်လည်းထွက်ပြီးပြီဆိုတော့ ဒီ bug ကိစ္စက အဆင်ပြေသွားပြီလို့ဆိုလို့ရမှာပါ။ Battle Royale ဂိမ်းကောင်းတစ်ခုဖြစ်တာကြောင့် iOS တင်မကပဲ Android version မှာပါ ပြဿနာမရှိဆော့ကစားနိုင်ဖို့ မျှော်လင့်ရင်း..

 

Source, Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password