ActionAdventureNews

Android ဖုန်းတိုင်းမှာ ကစားနိုင်တော့မယ့် Fortnite

Playon က Android user ဘော်ဒါတို့တွေအတွက် ဒီတစ်ခေါက်မှာတော့ အက်မင် သတင်းကောင်း တစ်ခု သယ်လာပါပြီ။ သတင်းကောင်းကတော့ အားလုံးရဲ့ ဖုန်းတွေမှာ Fortnite ကို ကစားနိုင်တော့မယ့် သတင်းပါ။

အခုသတင်းကို Epic က မနေ့က ကြေညာခဲ့တာဖြစ်ပြီး သတင်းထဲမှာ ဂိမ်းရဲ့ Android ဗားရှင်းကို compatible ဖြစ်တဲ့ device အကုန်လုံးအတွက် ဖွင့်ပေးလိုက်ပြီလို့ ကြေညာထားပါတယ်။ အဲ့တာကြောင့် နောက်ပိုင်းတွေမှာ Fortnite ကို ကစားဖို့အတွက် invite code ပို့စရာလိုတော့မှာ မဟုတ်ပါဘူး။ ဒီ link လေးထဲကို ဝင်ပြီး Android ဖုန်းတွေရဲ့ စာရင်းကို ဝင်ကြည့်လို့ရပါတယ်နော်။

Fortnite Android ဗားရှင်းကို သြဂုတ်လ တုန်းက Samsung Galaxy device တွေအတွက် အရင် ထွက်ရှိခဲ့တာဖြစ်ပြီး နောက်ထပ် ရက်အနည်းငယ်အကြာမှာ အခြား ဖုန်းအမျိုးအစားတွေအတွက် ဆက်လက် ထွက်ရှိခဲ့ပါတယ်။ Android ဂိမ်း အများစုနဲ့ မတူတဲ့ အချက်ကတော့ သူ့မှာ သူ့ရဲ့ ကိုယ်ပိုင် installer ပါရှိပါတယ်။

အဲ့တာကြောင့် သူ့ကို Google Play Store မှာ ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ ဂိမ်းကို ဖုန်းထဲမှာ အပြည့်အဝ Install လုပ်နိုင်ဖို့အတွက်ကိုတော့ step-by-step လမ်းညွှန်ချက်လေးတွေကို လိုက်နာပြီး တစ်ဆင့်ချင်းဆောင်ရွက်ရမှာပါ။ အကယ်၍ သင့်ရဲ့ ဖုန်းက ဖုန်းအဟောင်း တစ်ခု ဖြစ်နေမယ်ဆိုရင်တော့ Fortnite ကို Amazing အနေနဲ့ တွေ့ရဖို့ကို လုံးဝ မမျှော်လင့်လိုက်ပါနဲ့နော်။ အကြောင်းရင်းကိုတော့ အက်မင်မပြောလည်း သိမှာပါနော်….ဟဲဟဲ

 

Source – https://www.theverge.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: