News

Fortnite Android ကို ဘာကြောင့် Google Play မှာ မတင်တာလဲ ???

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ထွက်ရှိခဲ့တဲ့ ကောလာဟလ သတင်းတွေအတိုင်း Fortnite Android ကို Google Play မှာ မရတော့ဘူးဆိုတဲ့ သတင်းကို Epic က အတည်ပြုပေးလိုက်ပါပြီ။

Google Play မှာ မရတော့ဘူးဆိုတော့ ဘယ်မှာ download လုပ်ရမှာလဲ ???

Fortnite Android ကို သူ့ရဲ့ official site ကနေပဲ တိုက်ရိုက် download ရယူရမှာဖြစ်ပါတယ်။

Epic က ဘာကြောင့်ခုလိုလုပ်ရတာလဲ ???

ခုလိုလုပ်ရတဲ့ အကြောင်းအရင်းနဲ့ ပက်သတ်ပြီး Epic ရဲ့ ရည်ရွယ်ချက် ၂ ခုရှိပါတယ်။ ပထမတစ်ခုက သူ့ရဲ့ customer တွေနဲ့ တိုက်ရိုက် ပက်သတ်ဆက်နွယ်မှုရရှိချင်တာပါ။ ပြောရမယ်ဆိုရင် သူတို့ရဲထုတ်ကုန်ကို ကြားလူကနေတစ်ဆင့် မဖြန့်ဖြူးချင်တဲ့အတွက် အခုလို တရားဝင် website ကနေ link တိုက်ရိုက်ချပေးတာဖြစ်ပါတယ်။

ဒုတိယ တစ်ခုကတော့ သူတို့ရဲ့ ဂိမ်းကို Google Play store မှာတင်ရင် ပေးဆောင်ရမယ့် အခွန် ၃၀ ရာခိုင်နှုန်းကို မပေးချင်တာကြောင့်လို့သိရပါတယ်။ Apple လိုပဲ Google ကလည်း ဂိမ်းထဲက app purchase တွေအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို ယူပါတယ်။ အဲ့တာကြောင့် ဝင်ငွေများတဲ့ Fortnite လို freely playable ဂိမ်း developer တွေ က Google play Store အတွက် ၃၀ ရာခိုင်နှုန်းအခွန်ကို မပေးဆောင်ချင်ကြတာဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် Android ဖုန်းတွေထဲမှာ latest version ထဲက ၁၂ ရာခိုင်နှုန်းလောက်နဲ့ပဲ ကစားလို့ရမယ်ဆိုတဲ့ သတင်းကြောင့် အခုလတ်တလောမှာ Android အသုံးပြုသူတွေတော့ Fortnite ကိုတော်တော်လေးစိတ်နာနေကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘယ်လိုဖြစ်စဉ်မျိုးနဲ့ ကြုံတွေရဦးမလဲဆိုတာ မသိသေးတဲ့အတွက်ဆက်ပြီးတော့ စောင့်ကြည့်ရဦးမှာပါ။ အဲ့တာကြောင့် Fortnite ကိုသိပ်ပြီးလည်း မမုန်းလိုက်ကြပါနဲ့ ဦးနော် 😃)။

နောက်ထပ်ထွက်ရှိလာမယ့် Fortnite android နဲ့ပတ်သတ်တဲ့ သတင်းတွေ သိရှိရရင်လည်း Playon ကနေတစ်ဆင့် ထပ်မံ မိတ်ဆက်ပေးသွားပါဦးမှာမို့လို့ စောင့်စား ဖတ်ရှုပေးသွားကြပါဦးနော် ဘော်ဘော်တို့ရေ။

 

Ref: 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: