မကြာသေးခင်ကထွက်ရှိထားတဲ့ Football Manager Mobile 2018!

လွန်ခဲ့တဲ့သောကြာနေ့ကမှ ထွက်ရှိထားတာကြောင့် ဂိမ်းအသစ်စက်စက် လေးတစ်ခုလို့လဲပြောလို့ရပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေဆော့ရမဲ့ role က Manager ပါ။ မိတ်ဆွေကအဲ့ဒီ Manager နေရာကနေ မိမိရဲ့အသင်းကြီးတိုးတက်အောင်လုပ်ဆောင်ပေးရမှာပဲဖြစ်ပါတယ်။

နိုင်ငံ ၁၇ နိုင်ငံပါဝင်တာကြောင့် မိတ်ဆွေစိတ်ကြိုက်နိုင်ငံကိုရွေးပြီးဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ထို့အတူဘောလုံးအသင်းတွေလည်းများစွာပါဝင်တာကြောင့် မိတ်ဆွေရဲ့ Idol ဘောလုံးအသင်းကိုရွေးချယ်ဆော့ကစားနိုင်မှာလည်းဖြစ်ပါတယ်။ ဘောလုံးအားကစားကိုဝါသနာပါတဲ့ Mobile Player တွေအတွက်တော့အံ့ကိုက်ပါပဲ။


မိမိရဲ့ အသင်းသားရွေးတာတွေ၊ အသင်းသားတွေကို Position ချတာတွေ၊ အသင်းကြီးတိုးတက်အောင်လုပ်ဆောင်ရမှာတွေ စတဲ့တာဝန်တွေကြောင့် မိတ်ဆွေရဲ့ Management Skill တိုးတက်လာမှာတော့အမှန်ပါပဲ။ အသင်းသားတွေပိုပြီး Perfect ဖြစ်အောင် Train ပေးရမဲ့ တာဝန်လည်းရှိပါသေးတယ်။ အကယ်၍မိတ်ဆွေ Position လည်းပိုင်ပြီ၊ အသင်းသားတွေကိုလည်း Train ပြီးရင်တော့ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

 

 

Premier League, La Liga, Serie A, Ligue 1 နဲ့ Bundesliga အစရှိတဲ့ ဘောလုံးရာသီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ Position လည်းပိုင်ပြီး Strategy ကောင်းကောင်းရှိမှသာအနိုင်ရရှိမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေမှာအနိုင်ရရှိရင် မိတ်ဆွေရဲ့ဂုဏ်သတင်းလည်းကောင်းမှာဖြစ်ပြီး ငွေကြေးတွေလည်းရရှိမှာဖြစ်ပါတယ်။ ရရှိလာတဲ့ ငွေကြေးတွေနဲ့ Manager ပီပီသသ မိမိရဲ့အသင်းဆက်လက်တိုးတက်အောင်လုပ်ဆောင်နေရမှာပဲဖြစ်ပါတယ်။

 

 

Messi, Ronaldo အစရှိတဲ့ ဘောလုံးသမားတွေအပြင် ယခုလက်ရှိ On fire ဖြစ်နေတဲ့ဘောလုံးသမားတော်တော်များများပါဝင်တာကိုလည်းတွေ့ရမှာပါ။ မိတ်ဆွေမှာ ငွေကြေးခိုင်မာလာပြီဆိုရင်တော့ ကြိုက်နှစ်သက်ရာဘောလုံးသမားတွေကို မိမိရဲ့အသင်းထဲသို့ခေါ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ ဒီဂိမ်းစစထွက်ချင်း မှာတော့ Bug အနည်းငယ်ရှိနေပေမဲ့ အခုတော့ပြန်လည် Fix လုပ်ပြီးဖြစ်ပါတယ်။ American MLS League နဲ့ South Korean K League ဆိုပြီး ဘောလုံးပွဲရာသီ ၂ ခုကို Update မှာပေါင်းထည့်ပေးထားပါသေးတယ်။ အကယ်၍မိတ်ဆွေက Football Manager Mobile 2017 edition ကိုဆော့ဖူးတယ်ဆိုရင်တော့ အခု 2018 edition ကို ကျွန်တော့်ထက်တောင် ပိုပြီး ရင်းနှီးနေမှာပါ။ ဘာလို့လဲဆိုတော့ တော်တော်များများကဆင်တူဖြစ်နေလို့ပါ။ ဒီ 2018 edition မှာတော့ 2017 မှာဖြစ်နေတဲ့ Bug တွေကို Fix လုပ်ထားပြီး Feature အချို့ကို Update လုပ်ပေးထားတာကြောင့် ဆော့ရပိုပြီးအဆင်ပြေမှာပါ။

Android နဲ့ IOS Platform နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပါတယ်။ Play Store ပေါ်မှ 1,2181 Ks ဖြင့်ဝယ်ယူနိုင်မှာဖြစ်ပြီး App Store ပေါ်မှ Dollar 8.99 ဖြင့် Download ရယူနိုင်မှာဖြစ်ပါတယ်။ ဘောလုံးသမားများစွာကိုမြင်တွေ့ရမှာဖြစ်ပြီး Strategy ချတဲ့ Skill ရော Management Skill ပါတိုးတက်စေနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Football Manager Mobile 2018 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password