iOS ပေါ်ကိုရောက်လာပြီဖြစ်တဲ့ Flower

ဆုပေါင်းများစွာရရှိရုံသာမက သူ့ရဲ့အနုပညာမြောက်လှတဲ့ Gameplay ကြောင့် Smithsonian American Art Museum ကပါ Art Collection အနေနဲ့ ပြသထားတဲ့ Thatgamecompany ရဲ့ Flower ဂိမ်းဟာ နောက်ဆုံးတော့ iOS Device တွေပေါ် ရောက်ရှိလာပြီဖြစ်ပါတယ်။ Playstation Exclusive ဖြစ်တဲ့ဒီဂိမ်းကို Mobile Platofrm ပေါ်မှာ ဆော့ကစားလို့ရသွားတာဟာ တော်တော်ကံကောင်းတယ်လို့ ပြောရမှာပါ။

ဒီဂိမ်းမှာ ကစားသူက ‘လေ’ နေရာကနေ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ သင်နဲ့အတူ လမ်းတစ်လျှောက်မှာရှိတဲ့ ပန်းပွင့်လေးတွေကို ကွင်းပြင်ကြီးတွေထဲဖြတ်သန်းပြီး နေရာအနှံ့ ခေါ်ဆောင်သွားရမယ့်ဂိမ်းမျိုး ဖြစ်ပါတယ်။ ကဗျာဆန်ဆန်ပြောရရင် ပန်းပွင့်လေးတွေကို လေညှင်းလေးက မိုးကုပ်စက်ဝိုင်းတိုင်အောင် သာသာယာယာနဲ့ ခေါ်ဆောင်သွားတယ်ပေါ့။ အဲဒီလို ကွင်းပြင်ကြီးထဲလျှောက်သွားစဉ်မှာ ငြိမ့်ငြိမ့်ညောင်းညောင်း သံစဉ်တွေကိုနားထောင်ရင်း ကစားရမှာ ဖြစ်ပါတယ်။

Gameplay က ဒါပဲဖြစ်ပေမယ့် ကစားနေတဲ့အချိန်အတွင်းမှာ ကစားသူကို စိတ်ချမ်းမြေ့မှု အပြည့်အဝပေးစွမ်းနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ထိတောင်လည်းဆိုရင် IGN က ‘Zen Exploration’ လို့ တင်စားသုံးနှုန်းထားတဲ့အထိပါပဲ။ အဲဒီလို ချီးကျူးခြင်းခံရတဲ့ Flower ဂိမ်းကို $4.99 နဲ့ ဝယ်ယူဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

For those who appreciate experimental artistry, Flower’s zen exploration is as good as it gets.

Source: IGN

Flower invites introspection and inner calm, and that kind of interactive experience is almost as rare now as it was when I first surfed these winds.

Source: GameSpot

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password