ArticleNews

PUBG mobile နဲ့ Fortnite ကိုကျော်တက်ပြီး The Game Awards 2018 winner ဖြစ်ခဲ့တဲ့ Florence 

The Game Awards 2018 ကိုတော့ပြီးခဲ့တဲ့ အပတ် ဒီဇင်ဘာလ ၆ ရက်နေ့က Los Angeles မှာကျင်းပခဲ့ပြီး Platform မျိုးစုံကဂိမ်းတွေကို အမျိုးအစားအသီးအသီးခွဲခြားပြီး ဆုချီးမြှင့်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ Playon က Game Awards 2018 မှာချီးမြှင့်ခဲ့တဲ့ ဆုတွေထဲက Category အမျိုးအစားတစ်ခုဖြစ်တဲ့ “Best Mobile” ရဲ့ Category အကြောင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

The Game Awards မှာချီးမြှင့်တဲ့ 2018 Best Mobile မှာ nominate လုပ်ခံရတဲ့စာရင်းထဲပါဝင်တဲ့ ဂိမ်းတွေကတော့ Donut Country, Reigns: Game of Thrones, PUBG mobile, Fortnite တို့ဖြစ်ပြီး Winner အဖြစ်ဆုရရှိခဲ့တဲ့ ဂိမ်းကတော့ Florence ဖြစ်ပါတယ်။

Donut Country ကတော့ Story line နဲ့ဆော့ကစားရမယ့် puzzle အမျိုးအစားဂိမ်းဖြစ်ပါတယ်။ Reigns: Game of Thrones ကတော့ Game of Thrones series ကိုအခြေခံထားတဲ့ ဂိမ်းတစ်ခုပါ။ သူကကိုယ်ရွေးချယ်လိုက်တဲ့အပေါ်မူတည်ပြီး ဖြစ်ပျက်မှုတွေကပြောင်းလဲသွားတဲ့ပုံစံမျိုးဆော့ကစားရမယ့် စိတ်ဝင်စားစရာ puzzle ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ နောက်ထပ် nominate လုပ်ခံရတဲ့ ဂိမ်းနှစ်ခုကတော့ အခုလက်ရှိ Battle Royale ဂိမ်းတွေထဲမှာအကောင်းဆုံးဂိမ်းနှစ်ခုလို့ ပြောနိုင်တဲ့ PUBG mobile နဲ့ Fornite ပဲဖြစ်ပါတယ်။ PUBG mobile ဟာဒီတလောကပဲ Google Playstore ကချီးမြှင့်တဲ့အကောင်းဆုံး Mobile ဂိမ်းဆုရထားသလို Fortnite ကလည်း iOS platform မှာသူ့အထာနဲ့သူအောင်မြင်လျက်ရှိနေတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

အဲ့လို အကြမ်းစားဂိမ်းတွေကို ကျော်တက်ပြီး The Game Awards 2018 ရဲ့ Best Mobile game winner ရသွားတဲ့ Florence ဂိမ်းအကြောင်း သိချင်သွားပြီမဟုတ်လား ?)… Florence ဂိမ်းကတော့ Interactive ဖြစ်တဲ့ novel တစ်ခုကိုဖတ်နေရတဲ့ feeling မျိုးကိုပေးစွမ်းနိုင်ပြီး အချစ်ရေးနဲ့ ဘဝရေး နှစ်ခုကိုယှဉ်တွဲဖော်ပြထားတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။ သာမာန်ဘဝကိုဖြတ်သန်းနေတဲ့ အသက် ၂၀ ကျော်ကောင်မလေး Florence Yeoh နေရာကနေကစားရမှာဖြစ်ပြီး သူ့ရဲ့တနေ့တာ လုပ်ငန်းဆောင်တာတွေကို Player က Puzzle ပုံစံမျိုးဖြေရှင်းဆော့ကစားရမှာပါ။ အဲ့လိုဘဝမျိုးကိုဖြတ်သန်းလာပြီး အချစ်နဲ့တွေ့တဲ့အခါ…. ?).. အငြိမ်တလိုင်းဂိမ်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ player တွေကတော့ ဒီ interactive novel ဂိမ်းလေးကိုကြိုက်နှစ်သက်မယ်ဆိုတာကျွန်တော်ရဲရဲ ကြီးအာမခံပါတယ်။ ၂၀၁၈ နှစ်အစမှာထွက်ရှိလာပြီး 2018 Best Mobile game award ကိုသိမ်းပိုက်သွားတယ်ဆိုတာ တော်ရုံတော့မဟုတ်ပါဘူး။

ကျွန်တော်တို့ ကြားမှာရေပန်းစားနေတဲ့ PUBG, Fortnite တို့လိုမျိုး Battle Royale ဂိမ်းအကြီးစားတွေကို အနိုင်ယူသွားနိုင်တဲ့ဂိမ်းကိုစိတ်ဝင်စားသွားရင်တော့အောက်ကလင့်ခ်ကနေ try ကြည့်နိုင်ပါတယ်။

Download link – Android/ iOS

Source 1, 2 Ref

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password