သင့်ကို Flipping Master ဟုတ်မဟုတ် စမ်းသပ်မယ့် Flipping Legend

Action ဂိမ်း ရှာနေတာလား။ RPG ဂိမ်း ရှာနေတာလား။ ဒါမှမဟုတ် Endless Runner ဂိမ်းတွေ ရှာနေတာလား။ ဘာဖြစ်လို့ ဂိမ်းတွေအများကြီး လိုက်ကြည့်နေမှာလဲ။ အဲဒီ genre တွေအားလုံးကို Flipping Legend ဆိုတဲ့ ဒီဂိမ်းမှာ တစ်ပေါင်းတည်း တွေ့ရမှာဖြစ်ပါတယ်။

Flipping Legend ဟာ Pixel art ကို 3D ဒီဇိုင်းရေးဆွဲထားတဲ့ Runner ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းဟာ သင်တွေ့နေကျ Runner ဂိမ်းတွေနဲ့ လုံးဝမတူပါဘူး။ သင်ဟာ စစ်တုရင်ကစားနည်းထဲက Bishop တွေရွှေ့သလိုမျိုး ထောင့်ဖြတ်ပဲ ရွှေ့လို့ရမှာပါ။ Screen ရဲ့ ဘယ်ဘက်ကို နှိပ်ရင် ဘယ်ဘက်ကို ထောင့်ဖြတ်ရွှေ့မှာဖြစ်ပြီး ညာဘက်ကိုနှိပ်ရင် ညာဘက်အတိုင်း ထောင့်ဖြတ်ရွှေ့မှာပါ။

လမ်းတစ်လျှောက်မှာတော့ ရန်သူတွေ၊ အတားအဆီးတွေရှိမှာဖြစ်ပါတယ်။ အဲဒီတော့ သင့်ရဲ့ရွှေ့ကွက်တွေကို ကြိုတင်ခန့်မှန်းပြီး ကစားရမှာပါ။ သင်ခန့်မှန်းတာ မှားသွားခဲ့ရင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားနေပါသလား။ မပူပါနဲ့။ သင့် character မှာ အနောက်တည့်တည့်ကို ပြန်ဆုတ်လို့ရတဲ့ ability ပါဝင်ပါတယ်။ အဲဒီ ability အပြင် character တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ နောက်ထပ် ability တစ်ခုစီ ပါဝင်ပါသေးတယ်။ ဒါပေမယ့် ability တွေကို သုံးချင်တိုင်း သုံးလို့မရပါဘူး။ Energy ပြန်ပြည့်တဲ့အထိ စောင့်ပြီးမှ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ character က level တက်တိုင်း Talent Tree မှာ point တွေကို အသုံးပြုပြီး ability တွေကို ပိုကြမ်းအောင် ပြုလုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

 .         

Flipping Legend မှာ ပါဝင်တာကတော့ ဒါအကုန်ပါပဲ။ အဲဒါဆို အရမ်းခက်တဲ့ပုံစံလည်း မပေါ်ပါဘူး လို့တွေးနေရင်တော့ Flipping Master ဖြစ်ဖို့ခရီးလမ်းက အဲဒီလောက်မလွယ်ပါဘူး လို့ပြန်ဖြေရမှာပါ။ သင့်ရဲ့ character မှာ သွေးတန်း ပါဝင်ပါတယ်။ အဲဒီသွေးတန်းက အချိန်နဲ့အမျှ လျှော့နေမှာဖြစ်ပြီး  Game Over မဖြစ်သွားအောင် လမ်းမှာရှိတဲ့ ရန်သူတွေကို ဆက်တိုက်သတ်ပေးသွားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ တစ်နေရာတည်းမှာ အကြာကြီးရပ်ပြီး ထိုင်စဉ်းစားနေဖို့အချိန် မရှိပါဘူး။ အရှေ့ကို ဆက်ရွှေ့ရင်း ရန်သူတွေကို သတ်နိုင်သလောက်သတ်သွားရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Flipping Legend မှာ သေပြီးသွားရင် ‘Continue’ လုပ်လို့မရပါဘူး။ တစ်ခါတည်း တန်းပြီး Game Over ဖြစ်တာပါ။ အဲဒီတော့ ဒီဂိမ်းမှာ အမှတ် များများရတယ်ဆိုတာ ကစားသူရဲ့အစွမ်း သီးသန့်ကြောင့်ပဲ ဖြစ်ပါတယ်။

Flipping Legend ဟာ ကစားသူတွေကို ဆက်တိုက်ကစားဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိပြီးတော့ ‘နောက်တစ်ပွဲဆိုရင် ဒီထက်ပိုကောင်းမှာကွ’ ဆိုတဲ့ ခံစားမှုမျိုးကို ပေးပါတယ်။ ဒီအချက်ဟာ ဂိမ်းကောင်းတစ်ခုရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို တစ်ခုပဲ ဝေဖန်ချင်စရာရှိပါတယ်။ အဲဒါကတော့ Free version မှာ Treasure Chest တစ်ခါဖွင့်တိုင်း Ads တစ်ကြိမ်ကြည့်ရတာပါ။ ကြာလာတော့ နည်းနည်းစိတ်ရှုပ်ဖို့ ကောင်းလာသလို Data ကို အကန့်အသတ်နဲ့ သုံးနေရသူတွေအတွက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ Ads ဖယ်တာကို ဝယ်လိုက်ရင်တော့ စိတ်အနှောင့်အယှက် ကင်းကင်းနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကတော့ အပြစ်မရှိ အပြစ်ရှာပြောတာပါ။ Gameplay ပိုင်းအရဆိုရင်တော့ အပြစ်ပြောစရာ လုံးဝမရှိပါဘူး။ Flipping Legend ဟာ time-killer အနေနဲ့ ဆော့ကစားဖို့ ဖုန်းထဲမှာ ထည့်ကိုထည့်ထားသင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်လို့ ပရိသတ်ကြီး စမ်းဆော့ဖြစ်အောင် ဆော့ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

 
Image Source:

http://www.noodlecake.com/games/flipping-legend/

Tags:

3 Comments
  1. flipdiving September 16, 2017 at 6:57 am

    Hello. I know your site through google and I have registered. I am very happy to be acquainted with you. I have some very interesting games that will help you to relieve stress after hours or study tired. In addition, brain training for you. Please visit to try it.
    nodejs quiz , flip diving
    , bottle flip

  2. wingsio December 4, 2017 at 4:50 am

    Oh, great, your article gives me useful information and a fresh perspective on the subject.
    abcya

  3. tommyhulk December 5, 2017 at 3:44 am

    This is so fun! What a great idea. Also I love how authentic you seem to be. Your style and passion for blogging is contagious. Thank you for sharing your life!
    bloxorz

Leave a reply

Register New Account
Reset Password