Reviews

အသွင်အသစ် ကစားနည်းအသစ်နဲ့ Flipflop Solitaire

Zach Gage က ဂိမ်းအသစ်ထုတ်တယ်ဆိုတော့ ဘာမှတောင်သိပ်မစဉ်းစားပဲ ပြေးဒေါင်းလိုက်ပါတယ်။ သူ့ရဲ့အရှေ့ကဂိမ်းအချို့ဖြစ်တဲ့ Really Bad Chess နဲ့ Typeshift တို့ဆိုတာ concept အဆန်းလေးတွေနဲ့ ဆော့လို့ကောင်းတဲ့ဂိမ်းတွေမို့ ကျွန်တော့်ဖုန်းထဲမှာ အခုချိန်ထိနေရာယူထားဆဲဂိမ်းတွေဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးထွက်ဂိမ်း Flipflop Solitaire ကိုလည်း သူ့ထုံးစံအတိုင်း ဘာတွေများသစ်ဆန်းထားမလဲဆိုတာသိချင်စိတ်နဲ့ဆော့ကြည့်ခဲ့ပါတယ်။

ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းပဲ Zach Gage က Flipflop Solitaire မှာ ထပ်မံလက်စွမ်းပြထားပါတယ်။ ပုံမှန် Solitaire ရဲ့ကစားနည်းကိုတော့ သိကြမှာပါ။ ဖဲချပ်တွေကို အပွင့်အလိုက် Ace ကနေ King အထိအစဉ်အလိုက်စီပေးရတာပါ။ ဒါပေမယ့် Flipflop Solitaire မှာက ကစားနည်းကို အနည်းငယ်ပြောင်းလဲထားပါတယ်။

ဒီဂိမ်းမှာ ဖဲချပ်တွေကို စီပေးရမှာချင်းတော့အတူတူပါပဲ။ ဘာကွဲပြားသွားလဲဆိုတော့ ဖဲချပ်တွေကို ဟိုရွှေ့ဒီရွှေ့လုပ်နေချိန်မှာ ဖဲချပ်တွေကို ကြီးစဉ်ငယ်လိုက်၊ ငယ်စဉ်ကြီးလိုက် ကြိုက်သလိုစီလို့ရပါတယ်။ ဥပမာ သင့်မှာ 3 နဲ့ 4 ၂ ချပ်စီရှိတယ်ဆိုပါစို့၊ ပုံမှန်အတိုင်းဆိုရင် အဲဒီဖဲ ၄ ချပ်ကိုနေရာချဖို့ column ၂ ခုလိုမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းမှာ 3-4 လို့စီထားပြီးတော့ 4 အနောက်မှာ 3 ထပ်လာလို့ရပါတယ်၊ အဲဒီတော့ column တစ်ခုတည်းမှာ 3-4-3-4 ဆိုပြီး တန်းစီပြီးစီသွားလို့ရပါတယ်။

 

အဲဒီလိုပြောင်းလဲထားတာဟာ ရုတ်တရက်ကြည့်လိုက်ရင် ဘာမှသိပ်မဟုတ်သလိုထင်ရပေမယ့် တကယ်တမ်းဆော့ကြည့်လိုက်ရင် ပုံမှန် Solitaire နဲ့လုံးဝကို ကွဲပြားသွားပါတယ်။ ဖဲချပ်တွေကိုရွှေ့တာမှာ ရွှေ့နိုင်တဲ့အကွက်တွေအများကြီးထွက်ပေါ်လာတဲ့အတွက် ကစားနည်းအသစ်တစ်ခုကိုဆော့နေရသလိုကိုခံစားရစေပါတယ်။ ကစားရင်းနဲ့ စဉ်းစားလို့မရတော့ဘူးဆိုရင်လည်း Hint ခလုပ်လေးပါတဲ့အတွက် မြန်မြန်ပြီးဖို့စိတ်အားထက်သန်သူတွေ အသုံးပြုလို့ရပါတယ်။ ကစားနည်းကလည်း အများကြီးပါဝင်ပါသေးတယ်၊ အပွင့် ၁ မျိုးတည်းကနေ ၅ မျိုးအထိရွေးချယ်လို့ရပါတယ်။

Zach Gage ရဲ့ဂိမ်းတွေကိုသဘောကျတာ နောက်တစ်ချက်ရှိပါသေးတယ်။ သူ့ရဲ့ Free-to-play ဂိမ်းတွေက IAP (in app purchase) ပါဝင်ပေမယ့် ဘယ်တော့မှ player ကိုဓားပြတိုက်နေသလိုမျိုးမလုပ်ထားပါဘူး။ သူ့ရဲ့ဂိမ်းတွေက အမြဲတမ်း premium version မဝယ်လဲ ကောင်းကောင်းကြီးဆော့လို့ရပါတယ်။ Premium version ဆိုတာကလည်း Ads တွေဖျောက်တာ၊ Background တွေပြောင်းတာ စတာတွေလောက်ပဲဖြစ်ပါတယ်။ သူပြောတဲ့စကားအတိုင်းဆိုရင် Premium version ဝယ်တာဟာ Independent Artist တစ်ယောက်ကို support လုပ်ပေးတာပါပဲ။ App Store ပေါ်မှာ တောင်ပုံရာပုံရှိတဲ့ Solitaire ဂိမ်းတွေထဲက ထူးထူးခြားခြားဖြစ်နေတဲ့ဂိမ်းလေးဖြစ်တာမို့ အားလုံးသိသွားအောင် မိတ်ဆက်ပေးလိုက်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: