ဖုတ်ကောင်ကြီးတွေနှိမ်နှင်းရတာဝါသနာပါတဲ့ Mobile Player တွေအတွက် Flat Zombies: Cleanup and Defense!

Zombie တွေသောင်းကျန်းမှုကမြို့ထဲမှာစတင်လာပြီ။ အဲ့ဒီအခြေအနေကြောင့်မြို့တွင်းမှာ ဖုတ်ကောင်မဖြစ်သေးတဲ့လူတွေကိုအန္တရာယ်ကင်းတဲ့အဆောက်အအုံတွေမှာလုံခြုံရေးတချို့နဲ့ခိုအောင်းနေကြပါပြီ။Zombie တွေကမြို့တွင်းမှာသောင်းကျန်းနေတာမို့မြို့တွင်းကလမ်းတွေ၊ အဆောက်အအုံတွေမှာရော Zombie တွေပျံ့နှံ့နေတာကိုတွေ့ရမှာပါ။Zombie တွေရန်ကခိုအောင်းမယ်ဆိုရင်လည်းခဏပဲအဆင်ပြေမှာပါ။ အချိန်ကြာလာတာနဲ့အမျှ အစာနဲ့ရေပြတ်ပြီးအကုန်ဒုက္ခရောက်ကျမှာပါ။အဲ့တာကြောင့် Zombie တွေကိုတိုက်ခိုက်ဖို့လူတွေစေလွှတ်ပါပြီ။ အဲ့ဒီလူတွေထဲကတစ်ယောက်ကတော့မိတ်ဆွေဆော့ရမဲ့ Character ပါပဲ။ လူအများကြီးလွှတ်တယ်ဆိုပေမယ့် မိတ်ဆွေကတော့ Zombie တွေကိုတစ်ယောက်တည်းတိုက်ခိုက်ရမှာပါ။မိတ်ဆွေနဲ့ အတူတူလွှတ်လိုက်တဲ့ တခြားလူတွေကတော့ တခြားZombie တွေရှိတဲ့နေရာတွေမှာသွားရောက်တိုက်ခိုက်နေပါပြီ။ အဲ့တော့မိတ်ဆွေလည်းကိုယ်တာဝန်ကျတဲ့ နေရာမှာ Zombie တွေကိုတိုက်ခိုက်ရမယ့်တာဝန်ကိုကျေဖို့တော့လိုအပ်ပါပြီ။

                                        

ဒီဂိမ်းမှာမိတ်ဆွေက Zombie တွေနဲ့တိုက်ခိုက်ရမှာဖြစ်လို့လက်နက်တွေတော့ပေးထားမှာပါ။မိတ်ဆွေအဓိကကိုင်ရမယ့်လက်နက်ကတော့သေနတ်ပါ။ Pistol အသေးလေးကစကိုင်ရမှာပါ။ သေနတ်အကြီးကြီးတွေကိုတော့မိတ်ဆွေကိုယ့်ဘာသာ in-game ထဲကပိုက်ဆံတွေနဲ့ unlock လုပ်ရမှာပဲဖြစ်ပါတယ်။ ပိုက်ဆံတွေကိုတော့ Zombie တွေသတ်ရာကနေရရှိမှာပါ။ အစပိုင်း Level တွေမှာ Zombie အုပ်ကနည်းနေပေမဲ့နောက်ပိုင်း Level တွေမှာတော့Zombie အုပ်တွေကထိန်းမနိုင်သိမ်းမနိုင်တွေများလာမှာပါ။ Zombie တွေကိုပစ်တဲ့အခါမှာလည်းရိုးရိုးပစ်တာထက်ချက်ကောင်းတွေကိုပစ်နိုင်ရင်ပိုထိရောက်ပါတယ်။ ချက်ကောင်းအနေနဲ့ အဓိကအနေနဲ့ကတော့ခေါင်းပါ။ Head Shot ပစ်နိုင်ရင်သေတာပိုမြန်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ Head Shot လည်းတော်တော်ပစ်ရမှာပါ။ဘာလို့လဲဆိုတော့ Zombie တွေကခေါင်းတွေကိုမာကျောတဲ့အရာစွပ်လာမှာမလို့ပါ။ ဒါ့အပြင် တချို့ Zombie တွေဆိုတော်တော်လျှင်မြန်နေတာကိုတွေ့ရမှာပါ။ အဲ့လို Zombie မျိုးတွေနဲ့တွေ့လာရင်တော့ ခြေထောက်ကိုသာရအောင်ပစ်ပါတော့မိတ်ဆွေ။ ပြောရရင် Leg Shot ပေါ့ဗျာ။ Leg Shot ကနောက်ပိုင်း Level တွေမှပါ။ အစပိုင်း Level တွေမှာ Head Shot ပစ်ခြင်းဖြင့်အနိုင်ယူပါ။

 

အရေးကြီးဆုံးကတော့ဘယ်လိုအခြေအနေရောက်ရောက် Zombie တွေမိတ်ဆွေအနားကပ်လာတာမခံပါနဲ့။ အနားရောက်လာရင်တော့မိတ်ဆွေကိုစားမှာပါ။ အစားခံရရင်တော့Game Over ပါပဲ။ ဆော့ရမယ့်ပုံစံကတော့ in-game ထဲမှာပေးထားတဲ့ခလုတ်လေးတွနဲ့ပါ။ အရှေ့အနောက်သွားတဲ့ခလုတ်၊ သေနတ်ပြောင်းတဲ့ခလုတ်၊ ကျည်ဖြည့်တဲ့ခလုတ်၊ သေနတ်ပစ်တဲ့ခလုတ် စတာတွေကိုသုံးပြီးဆော့ရမှာပါ။ အပေါ်ဆုံးအတန်းမှာ Zombie အကောင်အရေအတွက်ပေးထားပါတယ်။ အဲ့ဒီZombie အကောင်အ ရေအတွက်ကုန်အောင်သတ်ပြီးရင် Level တစ်ခုအောင်သွားမှာဖြစ်ပါတယ်။

2D animation နဲ့ပြုလုပ်ထားပြီးပေါ့ပေါ့ပါးပါးဆော့ကစားနိုင်တဲ့ Game လေးဖြစ်ပါတယ်။ Free To Play ပါ။ Android Platform မှာပဲဆော့ကစားနိုင်တဲ့ဂိမ်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး Zombie တွေကိုပစ်ချင်သော Android Player များအားသတင်းပေးလိုက်ပါတယ်။

 

Image Source:

https://play.google.com/store/apps/details?id=com.mokvold.flatzombies_defense_free&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password