အသည်းယားတဲ့ခံစားမှုကိုအပြည့်အဝပေးနိုင်တဲ့ Flappy Dunk!

ဒီဂိမ်းဟာ Flappy Bird နဲ့ခပ်ဆင်ဆင်ဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ ဆင်တာပါ မတူပါဘူး။ မကြာသေးခင်ကပဲ IOS 11 မှာ Flappy Bird ဂိမ်းကိုဆော့လို့ မရတော့တာမိတ်ဆွေတို့သိလောက်မှာပါ။ မသိသေးတဲ့မိတ်ဆွေတွေအတွက် အောက်ပါ Link မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်။

https://playon.com/article-ios-11-flappy-bird-170921/

ဒီဂိမ်းဟာ Flappy Bird အစစ်တော့မဟုတ်ပေမဲ့ Flappy Bird လိုမျိုးခံစားမှုမျိုးပေးနိုင်မှာကြောင့် Flappy Bird Fan တွေထဲ က IOS User တွေအတွက်တော့သတင်းကောင်းတစ်ခုဖြစ်လောက်မှာပါ။ ဘာလို့လဲဆိုတော့ Flappy Dunk ဟာ IOS 11 မှာလည်း Support ပေးတဲ့ဂိမ်းဖြစ်တာကြောင့်ပါ။

ဒီဂိမ်းမှာမိတ်ဆွေရဲ့ Character က ဘောလုံးပါ။ အတောင်ပံပါတဲ့ ဘောလုံးလေးပါ။ အတောင်ပံပါတဲ့ဘောလုံးဖြစ်တာကြောင့် ပျံလို့ရမှာပါ။ သွားရာလမ်းတစ်လျှောက်မှာလည်း Basketball ဂိုးတိုင်တွေရှိနေမှာပါ။ အဲ့ဒီတော့ မိတ်ဆွေကအဲ့ဒီဘောလုံးနေရာကနေပျံသန်းပြီး ဂိုးတိုင်ထဲဝင်အောင်လုပ်ဆောင်ရမှာပါ။ ဂိုးတိုင်ထဲ တစ်ခုထဲဝင်ရင် Score ကတစ်ခုကနေ သုံးခု အထိတက်မှာဖြစ်ပါတယ်။ အဲ့ဒါကတော့ မိတ်ဆွေ ဂိုးတိုင်ထဲသွင်းတဲ့ Position အပေါ်မှာပဲမှုတည်ပါတယ်။ လမ်းတစ်လျှောက်ဂိုးတိုင် တွေထဲကတစ်ခုခုကို မဝင်မိဘဲ ကျော်သွားတာပဲဖြစ်ဖြစ်၊ မပျံမိလို့အောက်ပြုတ်ကျသွားတာပဲဖြစ်ဖြစ် မိတ်ဆွေရဲ့ဘောလုံးဟာအတောင်ပံကျွတ်သွားမှာဖြစ်ပြီး မိတ်ဆွေလည်း Game Over သွားမှာဖြစ်ပါတယ်။

ဒီဂိမ်းမှာ မိတ်ဆွေက Endless ပုံစံဆော့နိုင်သလို၊ Challenge နဲ့ Level အများကြီးလည်း ဆော့နိုင်ပါတယ်။ Endless ဆိုရင်တော့ ထုံးစံအတိုင်း မိတ်ဆွေရဲ့ Best Score ကို Record လုပ်ထားပေးမှာဖြစ်ပြီး အဲ့ဒီ Best Score ကို မိတ်ဆွေကကျော်အောင်ဆော့ရုံပါပဲ။

Level တွေအများကြီးနဲ့ဆော့ချင်တယ်ဆိုရင်တော့ Challenge ဆိုတဲ့ Option ကိုဝင်ပြီးဆော့ရမှာဖြစ်ပါတယ်။ Challenge နဲ့ Endless ကကွာခြားချက်တော့ ရှိပါတယ်။ Endless မှာဆိုရင် မိတ်ဆွေသွင်းရမယ့်ဂိုးတိုင်က မလှုပ်ဘဲ ငြိမ်နေမှာဖြစ်ပြီး Challenge ဆိုရင်တော့ မိတ်ဆွေသွင်းရမယ့်ဂိုးတိုင်ကလှုပ်ရွနေမှာဖြစ်ပါတယ်။ ဂိုးတိုင်က လှုပ်ရွနေမှာဖြစ်တာကြောင့် မိတ်ဆွေအနေနဲ့ဂိုးသွင်းရမှာ အနည်းငယ်တော့ခက်သွားမှာပါ။ Challenge ထဲ မှာ Normal နဲ့ Mirror ဆိုပြီး Option နှစ်ခုထပ်ကွဲပါသေးတယ်။ Normal ထဲ မှာ Level 51 အထိနဲ့ Mirror ထဲ မှာလည်း Level 51 အထိရှိနေမှာပါ။ ဂိမ်းတွေရဲ့ထုံးစံအတိုင်း Level စစချင်းမှာ လွယ်နေမှာဖြစ်ပြီး နောက်ပိုင်း Level တွေမှာတော့ ခက်လာမှာဖြစ်ပါတယ်။ Mirror Option က Normal Option ထက်အနည်းငယ်ခက်နေတာကိုတွေ့ရမှာပါ။

 

စစချင်းမှာမိတ်ဆွေက Basketball ကိုပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ မိတ်ဆွေရဲ့ Basketball အပြင် ဘောလုံးအမျိုးအစားပေါင်း ၂၇ မျိုးပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ဆွေဘောလုံးရဲ့ အတောင်ပံတွေကိုလည်း ပြောင်းနိုင်ပါတယ်။ အတောင်ပံအရောင်အမျိုးအစား က ၇ မျိူးလောက်ရှိနေတာကိုလည်းတွေ့ရမှာပါ။ ဂိုးတိုင်တွေရဲ့အရောင်တွေကိုလည်းပြောင်းလဲနိုင်ပါသေးတယ်။ ဂိုးတိုင်အရောင်အမျိုးအစားအနေနဲ့လည်း ၇ မျိုးရှိပါတယ်။ အဲ့ဒါတွေအားလုံးထဲ ကအချို့ကို In-game Coin တွေနဲ့ ဝယ်လို့ရပေမဲ့ အချို့ကိုတော့ သတ်မှတ်ထားတဲ့ အထိဆော့ပြီးမှဝယ်နိုင်မှာဖြစ်ပါတယ်။ လူစောင့်တဲ့အချိန်နဲ့ အချိန်ဖြုန်းချင်တဲ့ အချိန် တွေမှာအရမ်းအသုံးဝင်တဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကိုတော့ အာမခံပါတယ်။

Free To Play ပါ။ Android နဲ့ IOS Platform နှစ်မျိုးလုံးကစားနိုင်ပြီး Flappy Bird ကို အမှတ်ရစေတဲ့ ဂိမ်းလေးလည်းဖြစ်တာကြောင့်မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password