ဝဝတုတ်တုတ်ကောင်လေးတစ်ယောက်ကို ဝိတ်ကျသွားအောင် Train ပေးရမယ့် Fit the Fat 2!

ကျွန်တော်အပါအဝင်လူတိုင်း ကတော့ မ ဝချင်ကြပါဘူး။ အဲ့လိုမဝ အောင်အစားကိုထိန်းစား ဆိုတော့ လည်းမထိန်းနိုင်ကြပါဘူး။ Exercise လုပ်ဖို့ဆို ပိုလို့ တောင်ဝေးပါသေးတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဝ တဲ့လူတွေတော်တော်များလာတာပဲဖြစ်ပါတယ်။ ဘယ်လောက်စားစားဝ မလာတဲ့လူတွေကတော့ ချွင်းချက်ပေါ့ဗျာ။

အကယ်၍မိတ်ဆွေက ဝတဲ့ Type ထဲမှာပါတယ်ဆိုရင်တော့ ဒီဂိမ်းကိုဆော့ကြည့်ဖို့တိုက်တွန်းပါရစေ။ ဘာလို့လဲဆိုတော့ ဒီဂိမ်းမှာ Overweight ဖြစ်နေတဲ့ကောင်လေးရဲ့ လေ့ကျင့်ခန်းလုပ်ပုံအဆင့်ဆင့်ပါဝင်တာကြောင့်ပါ။ နောက်ပိုင်းမှာ Muscle ကစားတာ၊ Body Building တွေလည်း ပါဝင်လာမှာကြောင့် ဗလ တောင့်ချင်သူတွေလည်း ဆော့သင့်ပါတယ်။ ဒီဂိမ်းမှာမိတ်ဆွေ train ပေးရမယ့်ကောင်လေးရဲ့ weight က ၅၀၇ ပေါင် ရှိနေတာကြောင့် Overweight ဖြစ်နေတဲ့ကောင်လေးလို့ ပြောထားတာဖြစ်ပါတယ်။ ၅၀၇ ပေါင် ကနေ Fit ဖြစ်သွားတဲ့အထိ weight ချဖို့ဆိုရင် အချိန်အနည်းအငယ်တော့ ကြာမှာပါ။ အဲ့ဒီကောင်လေးရဲ့ အစာစားတဲ့အချိန်၊ အိပ်ချိန်တွေကို လိုက်လုပ်ပေးနေရမှာကတော့ မိတ်ဆွေရဲ့တာဝန်ပဲဖြစ်ပါတယ်။

In-game System အကြောင်းလေးအနည်းအငယ် တင်ပြပါရစေ။ ဂိမ်းထဲ စဝင်ရင်တွေ့ရမှာကတော့ Overweight ဖြစ်နေတဲ့ကောင်လေးဖြစ်ပါတယ်။ ဘယ်ဘက်အပေါ်ဆုံးမှာတော့ အဲ့ဒီကောင်လေးရဲ့ ကိုယ်အလေးအချိန်နဲ့ မိတ်ဆွေရဲ့ Level ကိုဖော်ပြပေးထားမှာဖြစ်ပါတယ်။ အဲ့ကောင်လေးကို Train ချင်ရင်တော့ Dumbbell ပုံကိုနှိပ်ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီမှာ Jump Rope, Treadmill, Dumbbells, နဲ့ Boxing ဆိုပြီး ကောင်လေး လုပ်ရမယ့် အားကစား တွေရှိနေတာကိုတွေ့ရမှာပါ။


စစချင်းမှာတော့ Jump Rope တစ်မျိုးတည်းကိုသာ ပြုလုပ်နိုင်မှာပါ။ Treadmill, Dumbbells နဲ့ Boxing တွေကိုတော့ မိတ်ဆွေကိုယ်တိုင် In-game က Coin တွေနဲ့ unlock လုပ်ရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတစ်ခါလုပ်ပြီး Weight ကျသွားတာနဲ့ Coin တွေရရှိမှာဖြစ်ပါတယ်။ အပေါ်တည့်တည့်မှာတော့ ကောင်လေးရဲ့ Stamina ကိုဖော်ပြထားတဲ့ အတန်းနဲ့ ဆာလောင်မှုကိုဖော်ပြထားတဲ့ အတန်းရှိနေတာကိုတွေ့ရမှာပါ။ လေ့ကျင့်ခန်းလုပ်တာအချိန်ကြာမြင့်လာတာနဲ့ အမျှ မိတ်ဆွေရဲ့ Stamina အတန်းကြီးကလျော့လာမှာဖြစ်ပါတယ်။ Stamina တန်းကြီးကုန်သွားပြီဆိုရင်တော့ အနားယူအိပ်စက်ခိုင်းရမှာဖြစ်ပါတယ်။

ဆာလောင်မှုကိုဖော်ပြတဲ့ အတန်းကြီးလျော့ပြီဆိုရင်တော့ မိတ်ဆွေက အဲ့ကောင်လေးကို အစားအသောက်တွေနဲ့ ပြုစုရတော့ မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတန်းက အပြည့်ဖြစ်နေရင်လည်း အဲ့ကောင်လေးက မစားပါဘူး။ ဒါ့အပြင်အဲ့ဒီကောင်လေးအတွက် Costume တွေလည်းရှိပါတယ်။ Emo, Clown, Nerd စတာတွေအပါအဝင် Costume ပေါင်းများစွာကိုလည်းတွေ့ရဉီးမှာဖြစ်ပါတယ်။

Free To Play ပါ။ Android နဲ့ IOS နှစ်မျိုးလုံးမှာကစားနိုင်မှာဖြစ်ပြီး မိမိကိုယ်ကိုယ် Gym Trainer တစ်ယောက်လိုမြင်ယောင်စေနိုင်တဲ့ ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : https://play.google.com/store/apps/details?id=com.fivebits.fitthefat2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password