Reviews

သင်ကိုယ်တိုင် ရေအောက် ငါးတိုင်းပြည်ကို အလှဆင်ရမယ့် Fishdom

ချစ်စရာကောင်းတဲ့ ရေအောက်သတ္တဝါလေးတွေနဲ့ ဆော့ကစားရမှာပါ။ ရေအောက်ကမ္ဘာပုံစံပြုလုပ်ထားတဲ့ အတွက် designs အပြင်အဆင်ကတော့ တမူထူးခြားပြီး ဆွဲဆောင်မှုရှိနေမှာဖြစ်တယ်။

Swap and match puzzles တွေကစားပြီး ရရှိလာတဲ့ coins တွေနဲ့ ရေအောက်ကမ္ဘာလေးကို အလှဆင်ရမှာဖြစ်တယ်။ ငါးလေးတွေကို အစာကျွေးပေးရမှာဖြစ်ပြီး တကယ့်အပြင်က ငါးကန်ကို ထိန်းသိမ်းရသလို ပြုလုပ်ရမှာဖြစ်တယ်။ သင့်စိတ်ကြိုက် ငါးလေးတွေကို ရွေးချယ်ဝယ်ယူနိုင်သလို ရေအောက်ကမ္ဘာကို အလှဆင်တဲ့ items တွေကလည်း အမျိုးပေါင်း ၁၀၀ ကျော်တောင်ပါဝင်မှာနော်။

ဂိမ်းထဲမှာ သင့်ရဲ့အချစ်တော် Nemo နဲ့ တူတဲ့ ငါးလေးတွေကိုပါ တွေ့ရမှာဖြစ်ပြီး အခြားဆွဲဆောင်မှုရှိတဲ့ ရေသတ္တဝါလေးတွေလည်း အများကြီးပါဝင်ဦးမှာဖြစ်တယ်။ Candy Crush လိုမျိုး swap and match လုပ်ရတာ နှစ်သက်တဲ့သူတွေ အကြိုက်တွေ့စေမယ့် ဂိမ်း ဖြစ်ပါတယ်။

Level တစ်ခုတက်တိုင်း အလှဆင်နိုင်မယ့် items တွေ unlock ဖြစ်မှာပါ။ မွေးထားတဲ့ ငါးလေးတွေကို ကိုယ်ပေးချင်တဲ့ နာမည်လည်း ပေးလို့ရပါသေးတယ်။ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အပြင်အဆင်တွေက သင့်စိတ်ကူးအတိုင်း ဖြစ်နေမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အခြားအရာတွေလည်း အများကြီးပါဝင်ဦးမှာဖြစ်လို့ ဆော့ကြည့်ဖို့ အကြံပြုချင်ပါတယ်။ Internet မရှိပဲနဲ့လည်းကစာနိုင်တဲ့ game လေးဖြစ်တာမို့ အချိန်တိုင်းနေရာတိုင်းမှာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free to play ဖြစ်တယ်။Android အတွက် version 4.0.3 နှင့်အထက် နှင့် iOS အတွက် version 7.0 နှင့်အထက်တွင် play နိုင်ပါတယ်။

 

 

Image Source  –  Fishdom

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: