ဘောလုံးလေးတွေပစ်ပြီး လမ်းတစ်လျှောက်က အတားအဆီးတွေကိုဖယ်ရှားရမယ့် Fire Up!

ရိုးရှင်းလှတဲ့ Mini ဂိမ်းလေးတစ်ခုဖြစ်ကြောင်းဉီးစွာပြောပါရစေ။ ရိုးရှင်းနေတယ်ဆိုပြီး လှည့်မထွက်သွားပဲဆက်လက်ဖတ်ရှုခြင်းဖြင့်ထူးခြားတာတွေသိလာမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ထူးခြားတဲ့ Feature တွေကိုအောက်မှာ ရေးပေးထားတာကြောင့်ပါ…..

ဒီဂိမ်းမှာ မိတ်ဆွေဆော့ရမယ့် Character က Tank ကားနဲ့ခပ်ဆင်ဆင် Vehicle တစ်ခုဖြစ်ပါတယ်။ မိတ်ဆွေက အဲ့ဒီ Vehicle နဲ့လမ်းတစ်လျှောက်ဆက်တိုက်သွားရင်း အရှေ့မှာ ပိတ်နေတဲ့အတားအဆီးတွေကို အဲ့ဒီ Vehicle ထဲက ဘောလုံး ထုတ်ပြီးဆက်တိုက်ပစ်ခတ်နေရမှာဖြစ်ပါတယ်။ ပစ်ခတ်တာက Auto ပစ်ခတ်နေမှာဖြစ်ပြီး အတားအဆီးတွေနဲ့မတိုက်မိအောင်ရှောင်ရမှာကတော့ မိတ်ဆွေတာဝန်ဖြစ်ပါတယ်။ အဲ့လိုနည်းနဲ့ Endless ကြီးဆက်တိုက်သွားနေရမှာဖြစ်ပါတယ်။

Endless ဘောလုံးပစ်ပြီးအတားအဆီးတွေကိုရှောင်ဆော့သွားရမယ့်ဂိမ်းဆိုပေမဲ့ သာမန်မဟုတ်ပဲ ထူးခြားချက်တွေရှိပါတယ်။ အဲ့ဒါကတော့ ဘောလုံးပစ်ခတ်ရမယ့်နေရာ နဲ့ Score ပေးတဲ့နေရာမှာပါ။

  •       ဘောလုံးနဲ့ အတားအဆီးတွေကိုပစ်ခတ်ရာမှာ တခြားဂိမ်းတော်တော်များများလို တစ်ချက်နှစ်ချက်ပစ်ရုံနဲ့ မပြီးပါဘူး။ ပြထားတဲ့အချက်တိုင်းပစ်ခတ်ရမှာဖြစ်ပါတယ်။ မိတ်ဆွေသွားရာမှာ ပိတ်နေတဲ့ အတားအဆီးအတုံးလေးတွေပေါ်မှာ နံပါတ်တွေဖော်ပြထားမှာပါ။ ဖော်ပြထားတဲ့နံပါတ်အတိုင်းမိတ်ဆွေကပစ်ရမှာဖြစ်ပါတယ်။ ဥပမာ အတားအဆီးပေါ်မှာ ၁၀ ပြထားရင် ၁၀ ချက်ပစ်မှသာ အဲ့ဒီအတားအဆီးအတုံးက ကွဲသွားပြီးလမ်းဖြစ်သွားမှာဖြစ်ပါတယ်။
  •            Score ပေးတဲ့အခါမှာ တခြားဂိမ်းတွေလို မိတ်ဆွေသွားထားတဲ့ ခရီးအတိုင်းမပေးပါဘူး။ မိတ်ဆွေ လမ်းတစ်လျှောက်က ဘောလုံးပစ်နိုင်ခဲ့တဲ့အချက် အရေအတွက် ကို တွက်ပြီးပေးမှာဖြစ်ပါတယ်။ နောက်ပြီးမိတ်ဆွေရလာတဲ့ Score တွေနဲ့ မိတ်ဆွေ Vehicle ရဲ့ Shooting Speed နဲ့ Shooting Power ကိုတိုးမြှင့်နိုင်မှာဖြစ်ပါတယ်။

အစပိုင်းတော့ မသိသာပေမဲ့ နောက်ပိုင်းမှာ Player တွေက ခရီးတွင်ဖို့ထက် လမ်းတစ်လျှောက် က အတားအဆီးတွေကို ပစ်ဖို့  ပိုပြီးအာရုံရလာကြမှာပါ။ ပြောရရင် လောဘအနည်းငယ်ကြီးလာတာပေါ့ဗျာ။ အဲ့လို အာရုံတစ်ခုတည်းရောက်နေရင် ခရီးအနည်းငယ်သာရောက်ရှိမှာဖြစ်ပါတယ်။

မိမိ Vehicle အတားအဆီးတွေနဲ့ မတိုက်မိအောင်၊ Score များအောင်ပစ်ခတ်နိုင်အောင် အာရုံနှစ်မျိုးလုံးရှိနေ မှသာ ခရီးမိုင် အများကြီးကိုရောက်ရှိအောင်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ သွားရမယ့်လမ်းတစ်လျှောက်မှာ Speical Power လေးတွေရှိနေမှာဖြစ်ပြီး အဲ့ဒါတွေကို အသုံးချပြီး မိမိရဲ့ Score များများရရှိအောင်လုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။

Free To Play ပါ။ IOS တစ်မျိုးတည်းမှာသာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ အချိန်ကုန်ချင်တဲ့ အခါမှာအထောက်အကူပြုပေးပြီး ထူးခြားတဲ့ Arcade ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Image Source : Fire Up! 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password