ဆော့လို့ကောင်းတဲ့ Mini ဂိမ်းလေးတစ်ခုဖြစ်တဲ့ Fire Rides!

လှိုဏ်ခေါင်းတစ်ခုလုံးကိုအလင်းရောင်ရအောင်လုပ်ဆောင်ဖို့ မိတ်ဆွေအဆင်သင့်ဖြစ်ပါပြီလား ?

ဒီဂိမ်းမှာ မိတ်ဆွေရဲ့ Character က မီးတောက်ဖြစ်ပါတယ်။ အဲ့ဒီမီးတောက်နေရာကနေ လှိုဏ်ခေါင်းတစ်ခုလုံးကို အလင်းရအောင်လုပ်ဆောင်ပေးရမှာပါ။ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတော့ လှိုဏ်ခေါင်းတစ်ခုလုံးကို ဖြတ်သွားပြီးလုပ်ဆောင်ရမှာပါ။ လှိုဏ်ခေါင်းရဲ့မျက်နှာပြင်ပေါ်တွေကို ကြိုးနဲ့ချိတ်ပြီးအရှေ့ကိုရောက်အောင်ဆက်တိုက်သွားနေရမှာပါ။ မိတ်ဆွေရဲ့ Character က မီးတောက်ဖြစ်တဲ့အတွက် ကြိုးလို့ပြောတာထက်စာရင် မီးရောင်ခြည်တန်းလို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။ အဲ့ဒီမီးရောင်ခြည်တန်းကိုမျက်နှာပြင်တစ်ခုခုမှာချိတ်ပြီးတော့ Spiderman ပင့်ကူမျှင်ထုတ်ပြီး တစ်နေရာကနေတစ်ရာသွားတဲ့ပုံစံမျိုးသွားရမှာဖြစ်ပါတယ်။

 

မိတ်ဆွေရောက်နေတဲ့နေရာက လှိုဏ်ခေါင်းကြီးဖြစ်တဲ့အတွက် မညီညာတဲ့မျက်နှာပြင်တွေကအထက်မှာရော၊ အောက်ခြေမှာပါရှိနေမှာပါ။ အဲ့ဒီမညီညာဘဲ ချွန်ထွက်နေတဲ့မျက်နှာပြင်တွေကို မထိမိအောင် မိတ်ဆွေက ရှောင်ရမှာပါ။ အဲ့ဒီမျက်နှာပြင်နဲ့တိုက်မိရင်တော့ မိတ်ဆွေရဲ့မီးတောက်လည်းမီးငြိမ်းသွားမှာဖြစ်ပြီး Game over သွားမှာဖြစ်ပါတယ်။ Endless ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ Score တွေက မိတ်ဆွေသွားနိုင်တဲ့ ခရီးအပေါ်လိုက်ပြီးတွက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်လမ်းတစ်လျှောက်မှာရှိနေတဲ့ ဖန်ပုံစံအကွင်းလေးတွေကိုဝင်ပြီးတိုက်ရင် Score များများပိုရမှာဖြစ်ပါတယ်။ ဖန်ပုံစံအကွင်းလေးတွေရဲ့ အလယ်တည့်တည့်ကိုတိုက်နိုင်ရင် Score မှာ 4 ပေါင်းမှာဖြစ်ပါတယ်။ အလယ်ကိုထိဖို့ 0.5 လောက်ပဲလိုရင်  3 ပေါင်းမှာဖြစ်ပြီး၊ ရှပ်ထိသွားရင်တော့ 2 ပေါင်းပေးမှာဖြစ်ပါတယ်။ 4 ပေါင်းရင် Awesome လို့ချီးမြှောက်မှာပါ။ 3 ပေါင်းရင် Cool လို့ချီးမြှောက်မှာဖြစ်ပြီး၊ 2 ပေါင်းရင်တော့ Wow လို့ချီးမြှောက်ပေးမယ့်ဂိမ်းလေးလည်းဖြစ်ပါတယ်။

 

                                                                                         

Endless ဂိမ်းတွေရဲ့ထုံးစံအတိုင်း မိမိရဲ့ Best Score ထက်သာအောင်ဆော့နေရမှာဖြစ်ပါတယ်။ Mini ဂိမ်းဆိုပေမယ့် Design ပိုင်းကတော့သေသေချာချာလုပ်ထားတာကိုတွေ့ရမှာပါ။ လှပတဲ့အရောင်တွေနဲ့ပြည့်နှက်နေပြီး မိတ်ဆွေရဲ့ Character မီးတောက်ကိုလည်း တကယ့်မီးတောက်လေးသွားနေသလိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်တွေကလည်း တစ်ခါဆော့ရင်တစ်မျိုးလှနေအောင်ပြောင်းပေးနေမှာဖြစ်လို့ Design ပိုင်းကတော့ တော်တော်လက်ရာမြောက်တယ်လို့ပြောတာပါ။

Sound System က မိတ်ဆွေရဲ့ Character မီးတောက်လေးကိုပဲ ဦးတည်ပြီးလုပ်ထားတာဖြစ်ပါတယ်။ အရံအသံတွေမပါသလောက်ပါပဲ။ မီးတန်းနဲ့ လှိုဏ်ခေါင်းမျက်နှာပြင်ကိုချိတ်ပြီးသွားနေတဲ့လမ်းတစ်လျှောက်မှာ မီးတောက်ရဲ့ ဟုန်းဟုန်းထနေတဲ့ အရှိန်အသံကိုကြားရမှာဖြစ်ပါတယ်။ မျက်နှာပြင်တစ်ခုခုနဲ့တိုက်မိလို့မီးငြိမ်းသွားရင်လည်း မီးငြိမ်းသွားတဲ့အသံကို သေသေချာချာကြားရမှာဖြစ်ပါတယ်။ အဲ့ဒါတွေကိုကြည့်ခြင်းဖြင့် Mini ဂိမ်လေးဖြစ်ပေမယ့် တော်တော်သေသေသပ်သပ်လေးဖန်တီးထားတာကိုမိတ်ဆွေတွေ့ရမှာပါ။

Free To Play ပါ။ IOS Platform တစ်မျိုးတည်းမှာသာကစားနိုင်ပြီး Design ပိုင်းရော၊ Sound System မှာရောပြောစရာသိပ်မရှိတဲ့အပြင်ပေါ့ပေါ့ပါးပါးဆော့ကစားနိုင်တဲ့ဂိမ်းလေးဖြစ်တာကြောင့် မိတ်ဆွေအားအသိပေးလိုက်ပါတယ်။

 

 

Source: Fire Rides on the App Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password