News

Esports ပညာသင်ဆုအတွက် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ချီးမြှင့်ရန် Find Your Grind နှင့် ReKTGlobal တို့ ပူးပေါင်း

ReKTGlobal နဲ့ Find Your Grind (FYG) တို့လက်တွဲ ပြီး ကျောင်းသားတွေ နဲ့ esports ကိုလေ့လာလိုသူတွေ အတွက် ရည်ရွယ်ကာ ပညာသင်ဆုအစီအစဉ် ပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း သူတို့နှစ်ဦးက ဒေါ်လာ ၄၅၀,၀၀၀ တန် ပညာသင်ဆု အစီအစဉ်ကို အထက်တန်းကျောင်းသားလေးတွေ အတွက် ရည်ရွယ် ပြုလုပ်ပေးခဲ့ပေမယ့် လျှောက် တဲ့အခါမှာတော့ အားလုံးကို ခွင့်ပြုပေး ခဲ့ပါတယ်။

FYG တည်ထောင်သူ Nick Gross က “ပညာသင်ဆုလျှောက်ထားသူတွေမှာ esports ပါရမီရှိဖို့ မလိုအပ်ပါဘူး။ အဲ့ဒီအစား ကျွန်တော်တို့ အစီအစဉ်က ခိုင်မာတဲ့ရည်ရွယ်ချက် ၊ ဦးတည်ချက်တွေ နဲ့ ကစားပွဲမှာ အနိုင်ရဖို့အတွက် စိတ်အားထက်သန်မှု ရှိတဲ့ သူတွေကိုပဲ ရှာဖွေနေတာပါ။ ReKTGlobal ဘက်ကလည်း ပရော်ဖက်ရှင်နယ်ကစားသမားတွေ နဲ့ ပါဝင်ရမယ့်သူတွေကို ဆက်သွယ်ပေးပါလိမ့်မယ်။ ပညာသင်ဆုကို ဘယ်အတွက် သုံးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေးတာ မဟုတ်တဲ့အတွက် ကျောင်းသားတွေ ကျူရှင်စရိတ်အတွက်ပဲဖြစ်ဖြစ်၊ ကွန်ပြူတာ ပစ္စည်းဝယ်ဖို့ အတွက်ပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်။” လို့ပြောပါတယ်။

FYG founder Nick Gross says that esports aptitude isn’t a prerequisite for applicants. Instead, the program is searching for people who have “identified a purpose and a direction” and demonstrate a passion for competitive gaming. ReKTGlobal will also be connecting recipients with folks in the industry and professional players. The scholarships aren’t earmarked for any particular purpose; when students receive one, they can use it for anything, such as college tuition or buying computer equipment.
Source :venturebeat.com

အဖွဲ့အစည်းက Esports အပြင် ဂီတ ၊ အနုပညာ ၊ နည်းပညာ စတဲ့ မတူညီတဲ့ ဆုအများအပြားကို အစီအစဉ်လေးတွေပြုလုပ်ပြီး ၂၀၁၇ခုနှစ်က စတင် ချီးမြှင့်တာခဲ့ဖြစ်ပါတယ်။ “FYG ရဲ့ အစဉ်အသစ်က esports ကစားချင်တဲ့ သူတွေကိုပဲ ဆုပေးတာ မဟုတ်ပါဘူး။ အခြား ဂိမ်းနဲ့ပတ်သက်တဲ့ စည်းမျည်း တွေဖြစ်တဲ့ cosplaying ၊ concepts art for games နဲ့ Esports commentating တွေအတွက်လည်း အခြားပညာသင်ဆုတွေ ရှိပါတယ်။ စစချင်းမှာတော့ အထက်တန်းကျောင်းသာတွေအတွက်ပဲ အခွင့်အရေး ပေးထားပေမယ့် အခြားသူတွေအတွက်ပါ ရည်ရွယ်ပြီး အားလုံးကို ခွင့်ပြုပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တာ” ပါလို့ Gross ကဆိုထားပါတယ်။

“မင်းက အသက်၃၀ ပဲဖြစ်နေဖြစ်နေ ၊ ၁၄နှစ် ပဲ ဖြစ်နေဖြစ်နေ esports ecosystem တစ်ခုလုံးအတွက် ပညာသင်ဆုကို ရစေချင်တယ်.. အဲ့တာကြောင့်လည်း အားလုံးအတွက် ဝင်ပြိုင်နိုင်ဖို့ ခွင့်ပြုပေးခဲ့တာပါ” လို့ Gross ကဆက်လက်ပြောကြားခဲ့ပါတယ်။

Newzoo မှ သုတေသီတွေရဲ့ အဆိုအရ Esports က ယခုနှစ်အတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၀၆ သန်းထိရရှိဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ ပရိသတ် အရေအတွက် ဆက်လက်တိုးလာပြီး ၂၀၂၁ ခုနှစ်မှာ esports ပရိသတ် ၂၅၀ သန်းအထိရရှိလာမယ်လို့လည်း သုတေသီများက ခန့်မှန်းထားပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: