Reviews

‘Final Fantasy XV: Pocket Edition’ – ဆော့သင့်မဆော့သင့်

Final Fantasy XV ကို Pocket Edition ခေါင်းစဉ်တပ်ပြီး Mobile Platform တွေအတွက် ထုတ်ပေးမယ်လို့ ကြေညာခဲ့တုန်းက Mobile Game ချစ်သူတွေရော ဒီ Industry ထဲကလူတွေပါ အံ့အားသင့်သွားခဲ့ရသလို ဖြစ်မှဖြစ်နိုင်ပါ့မလားလို့ သံသယစိတ်တွေလည်းဝင်ခဲ့ကြပါတယ်။ FFXV လို အင်မတန်ကျယ်ပြန့်တဲ့ ဂိမ်းကမ္ဘာကြီးကို ဖုန်း screen ထဲဆံ့အောင်ဘယ်လိုထည့်ကြမှာလည်း.. Direct Port က မဖြစ်နိုင်သလောက်ဆိုတော့ တခြားဘယ်လိုနည်းတွေအသုံးပြုမှာလည်း.. နောက်ပြီးတော့ console controller အတွက်ရည်ရွယ်ပြီးတည်ဆောက်ထားတဲ့ combat system ကို touch screen ပေါ်မှာ ဘယ်လိုအလုပ်ဖြစ်အောင် ပြောင်းလဲယူမှာလည်း အစရှိပြီး မေးခွန်းတွေက ဒုနဲ့ဒေးပါပဲ။

အဲဒီလို အများရဲ့အာရုံစိုက်မှုကိုခံနေခဲ့ရတဲ့ FFXV: Pocket Edition ဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့တုန်းက Android ရော iOS အတွက်ပါ ထွက်ရှိပြီးသွားပါပြီ။ ဒီတော့ အရင်တုန်းကရှိနေခဲ့တဲ့ မေးခွန်းတွေရဲ့အဖြေကို သိရှိနိုင်ပြီဖြစ်သလို ဒီဂိမ်းကို ဆော့သင့်မဆော့သင့် ဆိုတဲ့မေးခွန်းကိုပါ အဖြေပေးလို့ရပါပြီ။ ကဲ.. ကြည့်လိုက်ကြရအောင်ပါ။

 

Game World

အရင်တုန်းကတည်းက သိထားခဲ့တဲ့အတိုင်းပဲ Notics တို့တစ်သိုက်အပါအဝင် ဂိမ်းတစ်ခုလုံးကို Console Version ထဲကလို high-poly model မဟုတ်တော့ပဲ low-poly နဲ့ chibi art စတိုင်ကိုပြောင်းလိုက်ပါတယ်။ အဲဒီတော့ ဂိမ်းကမ္ဘာကြီးတစ်ခုလုံးက original version ကိုဆော့ဖူးသူတွေအတွက်တောင် လုံးဝအသစ်အဆန်းဖြစ်နေစေမှာပါ။ ဒီနေရာမှာ ဆန်းတယ်ဆိုတာ ကောင်းသောဆန်းခြင်းမျိုးပါ။ ဒီအသွင်ပြောင်းထားတဲ့ Pocket Edition ရဲ့ကမ္ဘာကြီးက မျက်မိအမြင်မှာ ချောချောမွေ့မွေ့ရှိစေပြီး character တွေကလည်း ချစ်စဖွယ်လေးတွေဖြစ်ပါတယ်။

final_fantasy_xv_pocket_edition

Notics and Crew Chilling

 

Gameplay

ဒီနေရာမှာ အထင်ရှားဆုံးအရာတစ်ခုကတော့ Console Version ရဲ့ကျယ်ပြန့်လှတဲ့ကမ္ဘာကြီးကို ချုံ့ပလိုက်တာပါ.. ဘယ်လိုလည်းဆိုတော့ အဓိကဇာတ်လမ်းနဲ့မဆိုင်တဲ့ side quests တွေနဲ့ activity တွေကိုဖယ်ထုတ်ပလိုက်ပြီး main story ကို တစ်ထိုင်တည်းဆော့ကစားလို့ရအောင် လုပ်ပေးလိုက်တာပါ။ ဒီအချက်က mobile platform ပေါ်က gamer တွေနဲ့ကိုက်ညီအောင် ပြုပြင်ပေးထားတာမို့လို့ Square Enix ကို တော်တယ်လို့တောင် ချီးကျူးရမှာပါ။ Mobile platform ပေါ်မှာ တော်ရုံတန်ရုံလူက စိတ်ရှည်လက်ရှည်နဲ့ quest တွေအများကြီးလိုက်မလုပ်ချင်ပါဘူး.. ချရတာနည်းနည်း စကားပြောရတာများများဆိုရင် ပျင်းလာပြီး ဂိမ်းကိုလုံးလုံးကိုပစ်ထားလိုက်ကြတတ်လို့ဖြစ်ပါတယ်။

final_fantasy_xv_pocket_edition

Talent System

Mobile platform နဲ့ကိုက်ညီအောင် ပြုပြင်ထားတာ အဲဒါတစ်ခုတည်းမဟုတ်ပါဘူး.. Combat system လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အစတုန်းကတော့ Virtual Joystick လောက်တော့အသုံးပြုမယ်လို့ထင်ထားခဲ့ပေမယ့် တကယ်တမ်းက အဲ့လိုမဟုတ်ပါဘူး။ ရွှေ့လျားတာတွေအားလုံးကို screen ပေါ်မှာ touch လုပ်ပေးလိုက်ရုံပါပဲ.. Combat အတွင်းမှာ target ပြောင်းတာတွေလည်း အပါအဝင်ပေါ့။ ပြီးတော့ combat က ရန်သူအနားရောက်သွားတာနဲ့ အလိုအလျှောက်ချနေမှာပါ။ Player အနေနဲ့လုပ်လို့ရမှာက counter စက်ဝိုင်းလေးပေါ်လာရင် အချိန်မှီနှိပ်ဖို့၊ ကိုယ့် teammate တွေရဲ့ special ability တွေကိုအသုံးပြုပေးဖို့၊ warp-strike အသုံးပြုပေးဖို့ စတာတွေဖြစ်ပါတယ်။ Warp-strike အသုံးပြုရတာကလည်း လွယ်ကူပါတယ်.. target ကို စက္ကန့်အနည်းငယ်ဖိထားပြီးဖြစ်စေ၊ လိုချင်တဲ့ဖက်ကို ပွတ်ဆွဲလိုက်ရင်ဖြစ်စေ နှစ်သက်ရာနည်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

final_fantasy_xv_pocket_edition

Notics and Crew in Action

Gameplay ပိုင်းကိုချုပ်ပြီးပြောရရင် Pocket Edition ဟာ mobile platform အတွက် လုံးဝ optimize လုပ်ထားပေးတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ လမ်းသွားလမ်းလာ ဘတ်စ်ကားစောင့်ရင်းနဲ့တောင် ဆော့ကစားဖို့အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း combat အပေါ်မှာ ကိုယ့် control များများလိုချင်တဲ့ ကစားသူမျိုးအတွက်ကတော့ ဒါဟာ အနည်းငယ်ပျင်းဖို့ကောင်းစေနိုင်ပါတယ်။ အဲဒီတော့ mobile game တွေထုံးစံအတိုင်း Love It or Hate It ပါပဲ.. သင်ဟာ ဒီလိုမျိုး ရိုးရှင်းအောင်ပြုလုပ်ထားတဲ့ combat system မျိုးနဲ့ ပြဿနာမရှိဘူးဆိုရင် Pocket Edition ရဲ့ combat system ကိုသဘောကျမှာ သေချာသလောက်ပါပဲ။

 

Worth Playing?

ကစားဖို့သင့်လားမသင့်လား မပြောခင် ဒီဂိမ်းရဲ့ IAP Model ကိုပြောမှရပါမယ်။ Pocket Edition ရဲ့ဇာတ်လမ်းကို Chapter ၁၀ ခုခွဲထားပြီး Chapter 1 ကို အခမဲ့ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ ကျန်တဲ့ Chapter 9 ခုကိုတော့ ဝယ်ယူဆော့ကစားရမှာဖြစ်ပြီး အကုန်လုံးကိုတစ်ပြိုင်တည်းဝယ်မယ်ဆိုရင် $20 ကျသင့်မှာဖြစ်ပါတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် premium ဂိမ်းတစ်ခုပါပဲ။ ဒါပေမယ့် Chapter 1 ကို အခမဲ့ဆော့ကစားလို့ရတော့ ဒီဂိမ်းဟာ ကိုယ်နဲ့ကိုက်မကိုက်ဆိုတာကို စမ်းသပ်ကြည့်လို့ရသွားစေပါတယ်။

final_fantasy_xv_pocket_edition

In App Purchases

အဲဒီတော့ player အမျိုးအစားပေါ်မူတည်ပြီး အကြံပေးသွားလိုပါတယ်~

FFXV Console Version ကို ကစားဖူးသူတွေအတွက်ကတော့ ဒီဂိမ်းကမဆော့လည်းဘာမှမဖြစ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ Main Story က တူတူပဲဖြစ်တဲ့အတွက်ပါ။ လုံးဝ FFXV Hardcore Fan ဆိုရင်တော့တစ်မျိုးပေါ့။

Console မရှိလို့ FFXV ကစားချင်ရက်နဲ့ မကစားဖူးသူတွေအတွက်ကတော့ Pocket Edition က ကစားသင့်ပါတယ်။ မူလဂိမ်းရဲ့အနှစ်သာရကို အနီးစပ်ဆုံးပုံဖော်ထားနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဇာတ်လမ်း၊ Dialogue နဲ့ Voice Actor တွေပါ အကုန်လုံး console version နဲ့အတူတူပဲဖြစ်တဲ့အတွက် အရသာရှိရှိကစားနိုင်မှာဖြစ်ပါတယ် ($20 သုံးဖို့ဝန်မလေးဘူးဆိုရင်ပေါ့)။

တစ်ခုရှိတာက Pocket Edition ကိုကစားဖို့အတွက် spec မြင့်တဲ့ device တွေလိုအပ်ပါတယ်။ အဲဒီတော့ ကိုယ့်ဖုန်း၊ tablet နဲ့ကိုက်မကိုက်ဆိုတာကို အရင်သေချာစမ်းသပ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။ စာရေးသူ iPad(2017) မှာကစားတာတော့ Max Resolution, Max FPS နဲ့ကို အထစ်အငေါ့မရှိ ဆော့ကစားနိုင်ပါတယ်။

Download Links – Android, iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: