မကြာမီလာတော့မယ့် ချစ်စဖွယ် Art Style နဲ့ Final Fantasy XV: Pocket Edition

Square Enix ဟာ ပြီးခဲ့တဲ့ Gamescom မှာ Android ၊ iOS နဲ့ Windows 10 Platform တွေမှာ ဆော့ကစားနိုင်မယ့် Final Fantasy XV: Pocket Edition ဂိမ်းအကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ့်ဒီဂိမ်းဟာ Main Game ကို Mobile Platform ပေါ် port လုပ်ထားတာမဟုတ်သလို spinoff လည်းမဟုတ်ပါဘူး။

Final Fantasy XV: Pocket Edition ဟာ Mobile Device တွေမှာ ဆော့ကစားရတာ အဆင်ပြေအောင် Control စနစ်တွေကို ပြင်ဆင်ပေးထားပြီး ဂိမ်းတစ်ခုလုံးကို ချစ်စရာ Chibi art style နဲ့ အစအဆုံး ပြန်လည်ရေးဆွဲထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အဲဒီအပိုင်းတွေသာ ပြောင်းသွားပေမယ့် ဂိမ်းရဲ့ဇာတ်လမ်းကတော့ Main Game နဲ့ အတူတူပါပဲ။ ဒါကြောင့် Console စက်မပိုင်ဆိုင်သူတွေလည်း FFXV ဇာတ်လမ်းကို ခံစားလို့ရတော့မှာ ဖြစ်ပါတယ်။ Main Game ကိုဆော့ကစားပြီးသူတွေကလည်း Art Style အသစ်နဲ့ ဒီ Pocket Edition ကို သဘောတွေ့ကြမှာပါ။

ဒီဂိမ်းရဲ့ဇာတ်လမ်းကို အပိုင်း ၁၀ ပိုင်းခွဲပြီး ထုတ်ဝေမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းကိုတော့ အခမဲ့ကစားလို့ရမှာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကို IAP အနေနဲ့ ဝယ်ယူဆော့ကစားရမှာ ဖြစ်ပါတယ်။ ထွက်ရှိမယ့်ရက်နဲ့ စျေးနှုန်းတွေကို သိရှိရတဲ့အချိန်မှာ ဒီကနေ ဖော်ပြပေးသွားဦးမှာဖြစ်ပါတယ်။

 .         

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password