News

Square Enix က သူ့ရဲ့ Final Fantasy Mobile ဂိမ်းတွေ စျေးရှယ်ချပေးနေပြီ

App Store/Play Store မှာ ဘာဂိမ်းဒေါင်းရင်ကောင်းမလဲလျှောက်မွှေတိုင်း $15-20 စျေးကပ်ထားတဲ့ Final Fantasy ဂိမ်းတွေမြင်ပြီး တပ်ခေါက်ပြန်လာရနေပါသလား?

အဲဒါဆိုရင်တော့ သင့်အတွက် မဟာအခွင့်အရေးကြီးလာပါပြီ။ Final Fantasy IV, Final Fantasy V နဲ့ Final Fantasy VI တို့အပါအဝင် သူ့ရဲ့ Mobile FF ဂိမ်းတွေ တော်တော်များများကို Final Fantasy Summer Campaign အနေနဲ့ ၅၀% လျှော့စျေးနဲ့ ရောင်းချပေးနေပါတယ်။ Campaign ကာလကတော့ ဇူလိုင် ၂၆ ကနေ သြဂုတ် ၅ ရက်နေ့အထိဖြစ်ပါတယ်။

ဒါဟာ FF fan တွေအတွက် လက်မလွတ်သင့်တဲ့အခွင့်အရေးပါ။ ပွင့်ပွင့်လင်းလင်းပြောရင် အဲ့ဂိမ်းတွေရဲ့ ပုံမှန်စျေးတွေက Steam ပေါ်မှာ Triple-A title တွေမဟုတ်ရင်တောင် တော်တော်တန်တန်ကောင်းတဲ့ဂိမ်းတွေ ဝယ်လို့ရနေပါပြီ။ အဲဒီတော့ Mobile Game တစ်ခုကို ဒေါ်လာ ၂၀ လောက်ပေးပြီးဝယ်ဖို့က လက်တွန့်မယ်ဆို တွန့်ချင်စရာပါပဲ။ အဲဒါကြောင့်လည်းပဲ FF ဂိမ်းတွေကို ဖုန်းပေါ်မှာဆော့ချင်လိုက်တာကွာ ဆိုပြီး စိတ်ကူးရေးရေးလေး ပေါ်ခဲ့ဖူးရင် အဲဒီစိတ်ကူးကို ဒီအချိန်မှာ အကောင်အထည်ဖော်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ Final Fantasy Dimensions II ကို စိတ်ကူးနေပါတယ်။ နဂိုစျေး $15 ကျပ်တုန်းက လက်တွန့်နေခဲ့ပေမယ့် အခု $7 နဲ့ဆိုရင်တော့ တော်တော်မဆိုးဘူးလို့ တွေးမိလို့ပါ။

ကဲ.. စိတ်ဝင်စားတဲ့သူတွေအတွက် ဘယ်ဂိမ်းတွေကို စျေးချနေတာလည်းဆိုတာ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Final Fantasy Dimensions – Free | Android , iOS (chapter unlock တွေကို discount ပေးထား)
Final Fantasy Dimensions II – $6.99 | Android , iOS
Final Fantasy Tactics: The War of the Lions – $6.99 | Android, iOS
Final Fantasy I – $3.99 | Android , iOS
Final Fantasy II – $3.99 | Android , iOS
Final Fantasy III – $6.99 | Android , iOS
Final Fantasy IV – $6.99 | Android , iOS
Final Fantasy IV: The After Years – $6.99 | Android , iOS
Final Fantasy V – $6.99 | Android , iOS
Final Fantasy VI – $6.99 | Android , iOS
Final Fantasy VII – $11.99 | Android , iOS
Final Fantasy IX – 14.99 | Android , iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: