နိုဝင်ဘာ ၁ ရက်နေ့ထွက်မယ့် Mobile Platform အတွက် Final Fantasy ဂိမ်းအသစ် ‘Final Fantasy Dimensions II’

Square Enix က သူ့ရဲ့နောက်ဆုံးထွက် Mobile ဂိမ်းဖြစ်မယ့် Final Fantasy Dimensions II ထွက်ရှိမယ့်ရက်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့မှာ Android နဲ့ iOS ၂ မျိုးလုံးအတွက်ထွက်ရှိလာမယ့် အဆိုပါဂိမ်းဟာ ဂျပန်နိုင်ငံက Mobile ဂိမ်းဖြစ်တဲ့ Final Fantasy Legends II ရဲ့ Stand-Alone version ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီဂိမ်းဟာ Free-to-Play လား Premium လားဆိုတာကို မသိရသေးပါဘူး။ သူ့ရဲ့အရှေ့ကဂိမ်းဖြစ်တဲ့ Final Fantasy Dimensions ကတော့ Free-to-Play ဖြစ်ပြီး Chapter တစ်ခုချင်းစီကို ဝယ်ယူရတာမျိုးဖြစ်ပါတယ်။ Dimensions II ရဲ့ ဂျပန် Version ဟာဆိုရင် Free-to-Play ဖြစ်ပြီးတော့ Gacha စနစ်နဲ့ Social Game အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ NA Version မှာ Premium Version ဖြစ်ချင်လည်းဖြစ်သွားနိုင်တာမို့ တကယ်ထွက်ရှိမယ့် နိုဝင်ဘာ ၁ ရက်နေ့ကိုပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းပေါ်မှာ Final Fantasy ဂိမ်းဆော့ချင်သူတွေအတွက် ရွေးချယ်စရာအသစ်တိုးလာတာမို့ ဝမ်းသာရမှာပဲဖြစ်ပါတယ်။

Update: Final Fantasy Dimensions II ဟာ Premium ဂိမ်းအနေနဲ့ထွက်ရှိလာပြီး $14.99 ကျသင့်မှာဖြစ်ပါတယ်။ Premium ဂိမ်းဖြစ်တဲ့အတွက် IAP တွေပါဝင်မှာမဟုတ်ပါဘူး။ Mobile ဂိမ်းတစ်ခုအရဆိုရင်တော့ $14.99 ဆိုတာဟာ တော်တော်များတယ်လို့ဆိုရမှာဖြစ်ပေမယ့် တစ်ကြိမ်ဝယ်ပြီးတာနဲ့ ဇာတ်လမ်းပြတ်သွားပြီမို့ တကယ့် Fan တွေအတွက်ကတော့ တော်တော်အဆင်ပြေသွားစေပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password