ArticleNews

Digital Card game ပုံစံမျိုးနဲ့ Final Fantasy ကိုမကြာခင်မြင်တွေ့ရတော့မည်

Final Fantasy ကို Digital Card game ပုံစံမျိုးနဲ့မြင်တွေ့ရမှာဖြစ်တဲ့အကြောင်းကိုတော့ Square Enix ကတရားဝင်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ဂိမ်းကတော့ PC နဲ့ Android platform တွေဆီကိုရောက်ရှိလာမယ်လို့သိရပါတယ်။

Card game ဖြစ်တဲ့အတွက်ဆော့ကစားရမယ့် ပုံစံကတော့ သူတစ်လှည့် ကိုယ်တစ်လှည့် Turn-based ပုံစံကိုမှ Strategy အသုံးပြုပြီး အကွက်ရွေ့ ဆော့ကစားရမယ့်ပုံစံပဲဖြစ်ပါတယ်။ ဂိမ်းမှာမြင်တွေ့ရမယ့် Character တွေက Classic Final Fantasy series ထဲက Chracter တွေပဲဖြစ်တာမို့ ဒီ Card game က Final Fantasy fan တွေကြိုက်နှစ်သက်ကြဉီးမယ့် ဂိမ်းတစ်ခုဖြစ်နေဉီးမှာပါ။ ထူးခြားတာက ဂိမ်းပတ်ဝန်းကျင်ကို 3D art ပုံစံမျိုးဖန်တီးထားပေမယ့် Character တွေကိုကျ Pixel art တွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။ ဆိုတော့ Art နှစ်ခုပေါင်းလိုက်ရင် ဘယ်လိုအရသာမျိုးခံစားရမလဲဆိုတာသိချင်မိတဲ့စိတ်က ဒီဂိမ်းရဲ့စွဲဆောင်မှုတစ်ခုပါ။

Final Fantasy: Digital Card game ကတော့ လာမယ့်ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ Closed beta program နဲ့ fan တွေဆီကိုစတင်ရောက်ရှိလာမှာပါ။ Beta program မှာဆိုရင်လူအယောက် ၁ သောင်းကိုသာဆော့ကစားခွင့်ပြုသွားမှာဖြစ်တာကြောင့် လက်မနှေးဖို့တော့လိုအပ်ပါလိမ့်မယ်။ ဂိမ်းရဲ့ Official release date ကတော့ ဒီနှစ်အကုန်နားလောက်မှသာဖြစ်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဂိမ်းနဲ့ပတ်သက်သာ သိရသလောက် သတင်းအချက်အလက်ကတော့ ဒါအကုန်ပါပဲ။ ကြားထဲမှာ ထူးခြားမှုရှိရင် ထပ်မံဖော်ပြပေးသွားဉီးမှာဖြစ်တာမို့ စိတ်ဝင်စားရင်ဆက်လက်စောင့်ကြည့်နေဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဂိမ်းရဲ့ Closed beta program ကိုတော့အောက်ပါလင့်ခ်ကနေသွားရောက်ပါဝင်နိုင်ပါတယ်။ ဂျပန်ဘာသာစကားအနည်းငယ်သိဖို့တော့လိုအပ်ပါလိမ့်မယ် ?)

Closed beta program

Source Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password