News

အမှန်အကန်လန်းတဲ့ ‘Final Fantasy XI’ Mobile Reboot ရဲ့ပုံတွေ

ဒီတစ်ခုကတော့ ဘယ်တော့ထွက်မယ်လဲ မသိသေးပါဘူး၊ အခုပြမယ့်ပုံတွေတောင် ဂိမ်းအကြောင်းကြေညာပြီး ၃ နှစ်ကြာမှမြင်ရတာပါ။ ဒါပေမယ့် Final Fantasy ဖြစ်နေတာကတစ်ကြောင်း၊ ထွက်လာတဲ့ပုံတွေက လန်းလွန်းတာတစ်ကြောင်းတို့ကြောင့် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

၂၀၁၅ တုန်းက Square Enix နဲ့ Nexon Studios တို့ဟာ ၂၀၀၂ ကထွက်ရှိခဲ့တဲ့ ‘Final Fantasy XI’ ကို Mobile Reboot ထုတ်မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စာမလာ အကြောင်းမကြား ၂-၃ နှစ်လောက်ပျောက်သွားခဲ့လို့ ဒီ Project စုံးစုံးမြှုပ်သွားပြီလို့ကို ထင်မှတ်ခြင်းခံခဲ့ရပါတယ်။ နောက်ဆုံးတော့ တလောလေးတင်ကမှ Nexon ရဲ့ အလုပ်ခေါ်တဲ့ပိုစ့်ကနေ သူတို့ဖန်တီးနေတဲ့ Mobile FFXI ရဲ့ ပုံတွေကို မြင်တွေ့ခွင့်ရခဲ့ပါတယ်။

တစ်ခုရှိတာက အပေါ်မှာပြောခဲ့သလိုပဲ ဒီဂိမ်းနဲ့ပတ်သက်ပြီး ဘာအချက်အလက်ကိုမှ မကြေညာရသေးပါဘူး။ ဒါပေမယ့် အောက်မှာပြထားတဲ့ ပုံတွေအရဆိုရင် ရာနှုန်းပြည့်မဟုတ်တောင် Project က တော်တော်အရှိန်ရနေပြီလို့ ယူဆလို့ရပါတယ်။ လှတာကတော့ တော်တော်လှပါတယ်။ ဒီဂိမ်းကို Unreal Engine 4 နဲ့ ရေးဆွဲနေတာဖြစ်ပြီးတော့ စထွက်ထွက်ချင်းမှာ ဒုတိယ Expansion ဖြစ်တဲ့ ‘Chains of Promathia’ အထိ ပါဝင်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ကဲ… ပုံတွေကို အရသာခံပြီး ကြည့်လိုက်ကြပါဦး။

final fantasy xi mobile reboot

final fantasy xi mobile reboot

final fantasy xi mobile reboot

final fantasy xi mobile reboot

final fantasy xi mobile reboot

Ref: TA

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: