
Fighting ဂိမ်းများကိုမှ သဘောကျတဲ့ မိတ်ဆွေများအတွက် အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဂိမ်းကောင်းလေးတစ်ခုကတော့ RPG ဂိမ်းနဲ့ Classic Fighting ဂိမ်း နှစ်မျိုးကို ပေါင်းစပ်ပီးတော့ မြင်တွေ့ရမယ့် Shadow of Death လို့ အမည်ရတဲ့ ဂိမ်းလေးဘဲ ဖြစ်ပါတယ်။
လက်နက်ကိရိယာများစွာ သာမက armor ဝတ်စုံများ ဝတ်ဆင်ပြီး သင်အနေနဲ့ အသက်ရှင်သန်အောင်တိုက်ခိုက်ရင်း သူရဲကောင်းအဖြစ် ရှင်သန်ရပ်တည်ရမယ့် ဂိမ်းဘဲဖြစ်ပါတယ်။ ထို့ထက်သာမက ဒီဂိမ်းဟာ ဆိုရင်ဖြင့် အင်တာနက် အတွက် လုံးဝစိတ်ပူစရာ မလိုတဲ့ offline ဂိမ်းကောင်းတစ်ခုဖြစ်တဲ့ အတွက် မိတ်ဆွေအနေနဲ့ ဘယ်အချိန် ဘယ်နေရာ ရောက်ရောက် ဆော့ကစားလို့ အဆင်ပြေစေမယ့် ဂိမ်းလေးတစ်ခုဘဲဖြစ်လို့ နေပါတယ်။
အခန်းပေါင်းများစွာ ပါဝင်တဲ့ ဒီ offline ဂိမ်းမှာဆိုရင်တော့ မိတ်ဆွေအနေနဲ့ စစ်သူရဲကောင်းအဖြစ် အမှောင်လောကထဲမှာ စခန်းသွားတိုက်ခိုက်ရင်း လက်နက်ကိရိယာများကို စုဆောင်းရမယ့်အပြင် armor ဝတ်ရုံများကို ဝတ်ဆင်ပြီး သင့်ကိုသင် ပိုမိုပြည့်စုံ သန်မာတဲ့ သူရဲကောင်းအဖြစ်ရပ်တည်ရမှာဖြစ်ပါတယ်။
သင့်အနေနဲ့ Battle စတင်လိုက်ပြီ ဆိုတာနဲ့ အန္တရာယ် ရှိတဲ့ မွန်းစတား အကောင်များကို တိုက်ခိုက်ရမယ့် အပြင် တစ်ခြား မွန်းစတားများ ပစ်လိုက်တဲ့ Magical attacks ရန်များမှလည်း ရှောင်ရှားရမှာဖြစ်တာဆိုတာကိုလည်း သတိပေးပါရစေ။ သင့်အနေနဲ့ ဒီဂိမ်းမှာပါဝင်တဲ့ အခန်းတိုင်းမှာ မတူညီတဲ့ skills များကို အသုံးပြုရင်း ခက်ခက်ခဲခဲနဲ့ အနိုင်ယူကျော်ဖြတ်ရမှာ ဖြစ်တဲ့ အတွက် မိတ်ဆွေအတွက် စိန်ခေါ်မှုနဲ့ပြည့်နေတဲ့ ဂိမ်းကောင်းတစ်ခုလို့ ဆိုရမှာဘဲ ဖြစ်နေပါတယ်။
Graphic ပိုင်းနဲ့ ဂိမ်းကို ထုတ်လုပ်မှုပိုင်းမှာလည်း အလွန်ကောင်းမွန်နေတဲ့ အပြင် Free to play ဖြစ်တဲ့အတွက် မိတ်ဆွေအနေနဲ့ google play store မှာ ရယူနိုင်တယ်ဆိုတဲ့ အကြောင်း အသိပေးရင်း သင့်အတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ အရာများက စောင့်မျှော်လို့ ရှိနေပါတယ်။