Reviews

ပြိုင်ဆိုင်မှုတွေ ပြင်းထန်မယ့် Team Z- League of Heroes

ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ဆင်နွှဲရမယ့် မိုလ်ဘိုင်းဂိမ်းတစ်ခုကို Playon မိတ်ဆွေများအတွက် ယူဆောင်လာခဲ့ရပါတယ်။ မိမိရဲ့ အဖွဲ့အစည်း သို့မဟုတ် စစ်တပ်အတွက် လိုအပ်တဲ့ Hero များကို စုဆောင်းရမှာ ဖြစ်တဲ့ ဂိမ်းလေးကတော့ Team Z – League of Heroes အမည်ရတဲ့ Role Play ဂိမ်းလေးဘဲ ဖြစ်ပါတယ်။

 

သင့်အနေနဲ့ မတူညီတဲ့ နေရာဒေသ တစ်ခုချင်းစီမှာ သွားရောက်ပြီး တိုက်ခိုက်ရမှာလည်း ဖြစ်ပါတယ်။ Battle fields များဝင်ရောက် ပါဝင်ခြင်းဖြင့် အတွေ့အကြုံများ experience gain ရရှိမှာ ဖြစ်ပြီး မိမိ ပိုင်ဆိုင်ထားတဲ့ Hero တစ်ခုချင်းစီ အနေနဲ့ level upgrade နဲ့အတူ Cubes လို့ခေါ်တဲ့ ကုဗတုံးများရရှိမှာ ဖြစ်ပြီး ကုဗတုံးများ အသုံးပြုခြင်းဖြင့် ဂိမ်းထဲမှာ ပါဝင်တဲ့ Create hero မှ အကောင်သစ်များ ထုတ်လုပ်ရမှာဘဲ ဖြစ်ပါတယ်။

             

ကိုယ်ပိုင် နည်းဗျူဟာများ အသုံးပြုပြီး သင့် Hero များဖြင့် အနိုင်ရအောင်ပြုလုပ်ရမှာလည်း ဖြစ်ပါတယ်။ သင့်အနေနဲ့ အဆင့်တိုင်းမှာ ကျော်ဖြတ်ရမယ့် အကောင်များရှိမှာ ဖြစ်ပြီး ၄င်းတို့ကို magic spell များ အသုံးပြု တိုက်ခိုက်ရမှာလည်း ရှိနေပါတယ်။ ဒီဂိမ်းမှာ ဆိုရင် Attacker / Defenders / Supporters အစရှိတဲ့ မတူညီတဲ့ roles များပါဝင်နေတဲ့ အပြင် Multiple Mode မှာဆိုရင်တော့ Globel အတွင်းက  players များနဲ့ battle field မှာ ယှဉ်ပြိုင်ရမှာဘဲ ဖြစ်ပါတယ်။

               

ကျွန်တော့ အနေနဲ့ကတော့ ဒီလို ပြင်းထန်တဲ့ စစ်ပွဲတွေကို စောင့်နေရသူမို့ ရယူထားပြီဖြစ်တဲ့ အတွက် Playon မိတ်ဆွေများအတွက် အသိပေးရင်း ဒီဂိမ်းလေးကိုတော့ Free to Play အနေနဲ့ Google Play Store နဲ့ App Store ပေါ်မှာ ရယူနိုင်ပြီ ဖြစ်တဲ့ အကြောင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password