FIFA 18 ပိုင်ရှင်တွေအတွက် FIFA 18 Companion App

မကြာမီရက်ပိုင်းကမှ FIFA 18 ထွက်ရှိထားတာဆိုတော့ အားရပါးရ ဆော့နေကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အသစ်စက်စက်ဂိမ်းလေးက PC နဲ့ Console ပေါ်မှာဆိုတော့ အပြင်သွားနေရရင် Transfer Market က Deal ကောင်းကောင်းတွေ လက်လွှတ်သွားမှာ စိတ်ပူနေပါသလား။ အဲဒါဆိုရင်တော့ သင့်လိုအပ်ချက်တွေကို FIFA 18 Companion App က ဖြည့်ဆည်းပေးမှာဖြစ်လို့ စိတ်အေးအေးထားနိုင်ပါပြီ။ သင့်ရဲ့အသင်းနဲ့ ပတ်သက်တာတွေအားလုံးကို သင်ရောက်လေရာ နေရာကနေ စီမံခန့်ခွဲလို့ရအောင် ဒီ Comapnion App က ကူညီပေးမှာ ဖြစ်ပါတယ်။

နောက်ကန်မယ့်ပွဲတွေအတွက် ပွဲထုတ်မယ့်လူတွေကို စီမံတာအပါအဝင် သင့် Club နဲ့ပတ်သက်တာတွေအားလုံးကို ဖုန်းပေါ်ကနေတစ်ဆင့် လုပ်ဆောင်သွားလို့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Transfer Market ကိုလည်း အချိန်နဲ့တပြေးညီစောင့်ကြည့်ပြီး အရောင်းအဝယ် ပြုလုပ်နိုင်ဦးမှာဖြစ်လို့ သင်စောင့်ကြည့်နေတဲ့ ကစားသမား စျေးသက်သာတာမြင်တာနဲ့ သူများထက်လက်ဦးအောင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ FIFA 18 Companion ဟာ သင့်ရဲ့ Ultimate Team တည်ထောင်ရာမှာ အများကြီးအထောက်အကူပြုမယ့် App တစ်ခု ဖြစ်ပါတယ်။ Android ရော iOS နှစ်မျိုးလုံးအတွက်ရှိပြီး ဒီနေရာ မှာ သွားရောက်ရယူနိုင်ပါတယ်။

 

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password