အသစ်အဆန်း ကြိုက်တတ်သူတွေအတွက် Bluetooth Fidget Spinner

The Big Bang Theory ဇာတ်လမ်းတွဲက Sheldon Cooper ပြောခဲ့သလို ‘Everything Is Better With Bluetooth’ ပါပဲ။ ဘယ်ပစ္စည်းမှာမဆို Bluetooth ထည့်လိုက်တာနဲ့ လူတွေက စျေးကြီးပေးဝယ်တာ ထုံးစံပဲဖြစ်လို့ တီထွင်သူတွေကလည်း အခွင့်အလမ်း ချောင်းနေကြတာပါ။ ဒီတစ်ခါအလှည့်ကျတဲ့ ပစ္စည်းကတော့ ဒီတလောမှာ အရမ်းရေပန်းစားနေတဲ့ Fidget Spinner ပဲ ဖြစ်ပါတယ်။

Fidget Spinner ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Fidgetly ဟာ ကမ္ဘာ့ပထမဆုံး Bluetooth ပါဝင်တဲ့ Fidget Spinner ကို ထုတ်လုပ်လိုက်ပါတယ်။ Fidget Spinner မှာ Bluetooth ထည့်ထားတော့ ဘာလုပ်လို့ရမှာလဲလို့မေးရင် အဲဒါကို ဂိမ်း Controller အနေနဲ့ အသုံးပြုရမှာပါ။ Fidgetly CTRL လို့အမည်ရတဲ့ အဆိုပါပစ္စည်းကို Bluetooth ကနေတစ်ဆင့် သင့်ဖုန်းနဲ့ ချိတ်ဆက်ပြီး ဂိမ်းကစားတာတွေ၊ Music Player ကို ထိန်းချုပ်တာတွေ ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။

သင့် Fieget Spinner ရဲ့ RPM နဲ့ လှည့်ပတ်ပြီးတဲ့ အကြိမ်အရေအတွက် စတာတွေကို အထဲမှာပါဝင်တဲ့ Gyroscope နဲ့ Accelerometer တွေရဲ့ကျေးဇူးနဲ့ သိရှိနိုင်ဦးမှာပါ။ အဲဒီအချက်အလက်တွေကို Fidgetly App ကနေတစ်ဆင့် ကြည့်ရှုပြီး သူငယ်ချင်းတွေကြားမှာ ဘယ်သူက Figet Spinner King ဆိုတာကို ဆုံးဖြတ်လို့ရဦးမှာ ဖြစ်ပါတယ်။

Fidgetly CTRL တစ်ခုကို $39.99 နဲ့ Pre-order လုပ်လို့ရနေပါပြီ။ ဘယ်လောက်အသုံးဝင်မယ်ဆိုတာ မသိရသေးပေမယ့် ‘Bluetooth Fidget Spinner’ လို့ပြောလိုက်တာနဲ့ Techie တွေရဲ့ စိတ်ဝင်တစား ဝိုင်းကြည့်ခြင်းခံရမှာတော့ အသေအချာပါပဲ။

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password