သီချင်းသံခပ်မြူးမြူးနဲ့ကစားရမယ့် Puzzle ဂိမ်း Ferdinand: Unstoppabull

ဒီဂိမ်းကတော့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာပြမယ့် Ferdinand ဆိုတဲ့ကာတွန်းရုပ်ရှင်အမှီ ထုတ်ထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ Ferdinand ဆိုတာကတော့ ကျွဲသတ်ပွဲတွေမှာမပါဝင်လို့တဲ့ စပိန်နိုင်ငံက ကျွဲကြီးတစ်ကောင်ပါ။ သူဟာအဲဒီလိုတိုက်ခိုက်ရတာထက် ပန်းပွင့်လေးတွေကိုပိုစိတ်ဝင်စားတဲ့ နူးညံ့ပြီးသဘောထားကောင်းတဲ့ ကျွဲကြီးတစ်ကောင်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ သူ့ကိုအန္တရာယ်ရှိတဲ့တိရစ္ဆာန်လို့အထင်မှားပြီး အဝေးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရပါတယ်။ အဲဒီနောက်မှာတော့ Ferdinand တစ်ယောက် အိမ်ပြန်ဖို့အတွက် စွန့်စားခန်းကြီးကို ခရီးနှင်ရပါတော့တယ်။

အဲဒါကတော့ Movie အကြောင်းပါ။ ဒီဂိမ်းလေးကတော့ စွန့်စားခန်းတွေဘာတွေသွားရမယ့် အက်ရှင်ဂိမ်းမျိုးမဟုတ်ပဲ Match 3 Puzzle ဂိမ်းလေးဖြစ်ပါတယ်။ Movie နဲ့မတူလို့ဆိုပြီး စိတ်မပျက်သွားပါနဲ့။ ဒီဂိမ်းလေးရဲ့ ချစ်စဖွယ် graphic နဲ့ ခပ်မြူးမြူးစပိန်သီချင်းသံစဉ်တွေဟာ သင့်ကိုကောင်းကောင်းကြီးဖမ်းစားသွားမှာဖြစ်ပါတယ်။

Match 3 Puzzle ဆိုတဲ့အတိုင်း အရောင်တူရာ သီချင်း note လေးတွေကို ၃ ခုစီတန်းအောင် လိုက်ရွှေ့ပေးရမှာပါ။ Stage တိုင်းရဲ့နောက်ဆုံးအဆင့်မှာ ‘Dance Off’ mode ကစားရမှာဖြစ်ပါတယ်။ အဲဒီ mode မှာတော့ သတ်မှတ်ထားတဲ့ရွှေ့ကွက်အတွင်းမှာ ပေးထားတဲ့ mission တွေကိုပြီးဆုံးအောင်လုပ်ရမှာဖြစ်ပါတယ်။ အဲဒီနည်းနဲ့ stage တွေတစ်ဆင့်ပြီးတစ်ဆင့်တက်ပြီး Ferdinand ကို စပိန်နိုင်ငံရဲ့နေရာအနှံ့ကိုခေါ်ဆောင်ပေးသွားရမှာပါ။

 .          .         

သင့်ရဲ့ခရီးကိုကူညီဖို့အတွက် power up တွေ၊ boost တွေလည်းရှိပါသေးတယ်။ Point ရတဲ့နှုန်းတွေတင်တာတွေ၊ passive coin regenaration တွေ စတာတွေကို ကစားရာကရရှိတဲ့ coin တွေနဲ့ upgrade လုပ်လို့ရမှာဖြစ်ပါတယ်။ Passive coin regeneration ဟာဆိုရင် မကစားနေရင်တောင် အလိုအလျှောက် coin တွေရရှိနေမှာဖြစ်တဲ့အတွက် stage တစ်ခုကိုမနိုင်တော့ဘူးဆိုရင် မေ့မေ့ပျောက်ပျောက်ပစ်ထားလိုက်ရုံပါပဲ။ တစ်အောင့်နေလို့ ဂိမ်းထဲပြန်ဝင်လိုက်ရင် သင့်ကို coin တစ်ပုံတစ်ပင်ကြီးကကြိုဆိုနေမှာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ gameplay ဟာ အင်မတန်ရိုးရှင်းပြီး နားလည်ရလွယ်ကူပါတယ်။ ရိုးရှင်းတယ်ဆိုပေမယ့် ထိရောက်ပါတယ်။ ဆော့ကစားရလွယ်ကူသလို Fun factor နဲ့လည်းပြည့်စုံတဲ့အတွက် ကစားရတာ ပျော်ဖို့ကောင်းပါတယ်။ Animation တွေကလည်းချစ်စရာလေးတွေဖြစ်တဲ့အတွက် အသက်အရွယ်မရွေးနှစ်သက်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် Ferdinand: Unstoppabull ဟာ casual game တစ်ခုအနေနဲ့ ဖုန်းထဲထည့်ထားဖို့အဆင်ပြေတဲ့ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password