
စက်တင်ဘာလ ၂၀ ရက်နေ့ကနေ စတင်ပြီး ဂျပန်နိုင်ငံရဲ့ Twitter စာမျက်နှာမှာ Merlin (#マーリン)ဆိုတဲ့ Hashtag တွေနဲ့ ပြည့်နှက်သွားပါတယ်။ ဘယ်လောက်အထိတောင်လဲဆိုရင်တော့ နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ Amuro Namie အနုပညာလောကမှ အနားယူတော့မယ်ဆိုတဲ့ သတင်းကိုတောင် ကျော်တက်သွားတဲ့အထိ ဖြစ်ပါတယ်။
အဲဒီလောက်ထိ အုတ်အော်သောင်းနင်းဖြစ်သွားစေတဲ့ Merlin ဟာ Fate/Grand Order ဆိုတဲ့ Mobile Game တစ်ခုက Character တစ်ယောက် ဖြစ်ပါတယ်။ Merlin ဟာ Limited Character တစ်ယောက်ဖြစ်သလို ဂိမ်းထဲမှာ အလွန်အစွမ်းထက်တဲ့အတွက် Fate/Grand Order ကစားသူတွေအားလုံးက အသည်းအသန် ဖြစ်နေကြတာ ဖြစ်ပါတယ်။ Developer တွေက ဒီဂိမ်းရဲ့ Download အရေအတွက် ၁၀ သန်း ပြည့်သွားတဲ့ အထိမ်းအမှတ်အနေနဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကနေ အောက်တိုဘာ ၄ ရက်နေ့အတွင်းမှာ Merlin Character ကိုရယူနိုင်မယ့် Campaign ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
【カルデア広報局より】
9月20日(水)18:00より「1000万DL突破キャンペーン」開催!開催期間中、特異点Fまでクリアしたマスターに対象の★4(SR)サーヴァント1騎をプレゼント!詳しくは→https://t.co/J308CD6ZH5 #FateGO pic.twitter.com/gL0JZyM9Nc— 【公式】Fate/Grand Order (@fgoproject) September 20, 2017
Mobile Game တွေကို စွဲစွဲမက်မက် ဆော့ကစားကြတဲ့ ဂျပန်နိုင်ငံမှာ နာမည်ကြီးဂိမ်းတစ်ခုက Character အသစ်တွေ၊ Event အသစ်တွေရှိတိုင်း Twitter စာမျက်နှာတွေမှာ Share ကြ ပြုကြတာ ထုံးစံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်အထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကတော့ အမြဲတမ်း မြင်တွေ့နေကျ မြင်ကွင်းတစ်ခု မဟုတ်ပါဘူး။ အဲဒါကြောင့် ဂျပန်အနုပညာလောကမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Koremasa Uno က “Amuro အကြောင်းထက်ပိုပြီး နာမည်ကြီးနေတဲ့ Merlin ဆိုတာ ဘယ်သူလဲ။ (လောကကြီးမှာ ငါမသိသေးတာ အများကြီးရှိသေးပါလား)” ဆိုပြီး သူ့ရဲ့ Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
このタイミングで安室ちゃんぶっちぎってるマーリンって誰だよ…(世の中には知らないことがたくさんある) pic.twitter.com/prXudN22Vn
— 宇野維正 (@uno_kore) September 20, 2017
Merlin Hype-Train ထဲမှာ သာမန်ကစားသူတွေသာမက ဂျပန်အနုပညာလောကထဲက ပုဂ္ဂိုလ်တွေတောင် ပါဝင်ပါသေးတယ်။ အသံသရုပ်ဆောင်/အဆိုတော် တစ်ဦးဖြစ်သူ Takahashi Rei က သူမ Merlin ကို ရရှိခဲ့တဲ့အကြောင်းကို သူမရဲ့ Twitter စာမျက်နှာမှာ “Merlin.. နင့်ကိုစောင့်နေခဲ့ရတာ..” ဆိုပြီး ဝမ်းပန်းတသာ ဖော်ပြခဲ့ပါတယ်။
マーリンさん……待って……ました……⊂⌒~⊃。▽。)⊃バタッ
#FateGO pic.twitter.com/JnqfllxiDe— 高橋李依 (@taka8rie) September 20, 2017
Merlin ကိုရယူရမယ့် Gacha စတင်ခဲ့တာ ရက်အနည်းငယ်ကြာသွားခဲ့ပြီဆိုပေမယ့် ယခုအချိန်အထိ Twitter ပေါ်က Merlin Trend က အရှိန်မသေသေးပါဘူး။ Twitter User တစ်ဦးက “အခုအချိန်အထိ လူတွေ Merlin အကြောင်းပြောနေကြတုန်းပဲနော်” လို့ အံ့သြစွာနဲ့ ပြောကြားသွားပါတယ်။
まだマーリンってゆう人出てるよwww
すごいな、、#マーリン#Fate/Grand Order#マーリンてどんな人なの教えて pic.twitter.com/XuNFvWvvAo
— あずきんぐ♛ (@azu_KINNNG) September 22, 2017
Fate/Grand Order ဆိုတာကတော့ ဂျပန်နိုင်ငံမှ Type Moon ကုမ္ပဏီရဲ့ နာမည်ကျော် Fate/stay Night ဆိုတဲ့ ရုပ်ပြဝတ္ထု (Visual Novel) ကို အခြေခံပြီး ရေးဆွဲထားတဲ့ RPG ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ သမိုင်း ဒဏ္ဍာရီထဲက သူရဲကောင်းတွေကို မျက်မှောက်ခေတ်ကို ဆင့်ခေါ်ပြီး အသုံးပြုဆော့ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းအကြောင်းအသေးစိတ်ကိုတော့ ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
Image Source: Zerochan