Reviews

သင့်ရဲ့စိတ်ကူးယဉ်အိမ်မက်ကမ္ဘာထဲက ကျွန်းလေးကို ကိုယ်တိုင် စိတ်တိုင်းကျဖန်တီးနိုင်မယ့် Farm Ville: Tropic Escape

အကယ်၍မိတ်ဆွေဟာ သာယာလှပတဲ့ ရှုခင်းတွေနဲ အေးအေးဆေးဆေးဆော့ကစားနိုင်တဲ့ gameမျိုးကိုရှာနေတဲ့သူဆိုရင် Farm Ville: Tropic Escape ကို စမ်းပြီးဆော့ကစားကြည့်သင့်ပါတယ်။ ဒီgameထဲမှာဆိုရင် မိတ်ဆွေက ကိုယ်ပိုင် Island resorts တွေကို တည်ဆောက် ပေးရမှာဖြစ်လို့ မိတ်ဆွေရဲ့creation ကိုအသုံးပြုပေး ရမှာဖြစ်တယ်။ Farm Ville2:Country Escape လိုပဲ crafting items တွေကို order board မှာတင်ပြီး အခြား playerတွေနဲ့ အရောင်းအ၀ယ်လုပ်နိုင်ပါတယ်။ Farm Ville2:Country Escape နဲ့ ကွဲပြားတဲ့အချက်တစ်ခုကတော့ limited seeds လုပ်ထားတဲ့အတွက် ကိုယ်ဆောက်ချင်သလောက် လယ်ကွင်းကြီး တွေအများကြီး လိုက်ဆောက်လို့မရ တာပဲဖြစ်တယ်။

မိတ်ဆွေက ခင်ဖို့ကောင်းတဲ့ ဘော်ဒါတွေနဲ့အတူ ကျွန်းကြီးမှာရှိတဲ့ ပျောက်ကွယ်နေတဲ့ ရတနာတွေ လျှို့ဝှက်ချက်တွေ၊ ရှားပါးပစ္စည်း တွေကို ရှာဖွေဖော်ထုတ်ရမှာဖြစ်တယ်။ Chloe, Domingo, Maya စတဲ့ character တွေက မိတ်ဆွေနဲ့  co-operate ပေးမယ့် ခင်ဖို့ကောင်းတဲ့ ဘော်ဒါတွေဖြစ်တယ်။

ဒါ့အပြင် Level တတ်နိုင်ဖို့အတွက်Guests တွေမှာတဲ့ orders တွေကိုဖြည့်ဆည်းပေးဖို့လိုအပ်ပါသေးတယ်။ Farming, cooking, trading နဲ့ diving တွေက Farm Ville: Tropic Escape ထဲမှာ အဓိကလုပ်ဆောင်ရမယ့်လုပ်ဆောင်ချက်တွေဖြစ်တယ်။ ကြည်လင်နေတဲ့ရေပြင်ကြီးနဲ့ သာယာလှပတဲ့တောတောင်သဘာဝတွေကို ခံစားရမယ့်အပြင် တောတွင်းအကောင်လေး တွေကိုပါထည့်တွင်းထားလို့ မိတ်ဆွေကိုမျက်စိပသာဒ ဖြစ်စေမှာပါ။ Audio ပိုင်းကလည်းပြောစရာမလိုအောင် ကောင်းမွန်ပြီး အသံတစ်ခုချင်းစီကိုတိကျစွာကြားနိုင်လို့တကယ့်တောထဲရောက်သွားသလို ခံစားရမှာဖြစ်တယ်။ အခြားကျွန်းက playerတွေနဲ့လည်းconnectလုပ်နိုင်လို့ စိတ်ဝင်စားဖို့ကောင်းတဲ့ game လေးဖြစ်တယ်။

Android, IOS နှစ်မျိုးစလုံးနဲ့ လွယ်ကူစွာ download လုပ်ကစားနိုင်ပြီး free to play ဖြစ်လို့ Play Store, Google Play နှင့် App Store တို့တွင့် အခမဲ့ download ဆွဲနိုင်ပါတယ်။

 

 

Image Source – Farm Ville: Tropic Escape

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: