News

June လ လယ်လောက်တုန်းက မှားပြီး ban ခံလိုက်ရတဲ့ player တွေကို BP အစားပြန်ပေးသွားမယ့် PUBG

PUBG ကမှားယွင်းပြီးထုတ်ပယ်ခံလိုက်ရတဲ့ player တွေကို ပြန်ပြီးတောင်းပန်တဲ့အနေနဲ့ Battle Point (BP) တွေပြန်ပေးသွားမယ်လို့ PUBG Corp. က ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ game cheater တွေကိုထုတ်ပယ်ဖို့ကြိုးစားနေရင်းက မတော်တဆဖြစ်သွားခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ပြောပါတယ်။

ဘယ်နှယောက် ထုတ်ခံလိုက်ရလဲဆိုတာတော့အတိအကျ မသိရပေမယ့် ရိုးရိုးသားသားဆော့နေတဲ့သူတချို့ကတော့ PUBG ရဲ့ cheat detecting logic နဲ့ငြိတယ်ဆိုပြီး June 16 ရက်နေ့မှာအထုတ်ခံခဲ့ရတာပါ။

PUBG Corp. က သူတို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ game ထဲမှာရှိနေတဲ့ hacker တွေ cheater တွေကိုရှင်းထုတ်ဖို့ပဲဖြစ်ပြီး ဒီလိုရှင်းနေတုန်းမှာ မတော်တဆ အထုတ်ခံခဲ့ရတဲ့သူတွေကိုလည်း အလွန်အားနာမိကြောင်း၊ အနှောက်အယှက်ဖြစ်ခဲ့ရတဲ့အပေါ်တောင်းပန်ကြောင်းပြောကြားခဲ့ပါတယ်။ အထုတ်ခံခဲ့ရတဲ့ player တွေအကုန်လုံးကို BP ၂သောင်း ပြန်ဖြည့်ပေးမှာဖြစ်ပြီး ရတဲ့ BP တွေကိုတော့ item တွေပါတဲ့ create တွေကိုဝယ်ယူတဲ့နေရာမှာအသုံးပြုနိုင်မှာပါ။

နာမည်ကြီးပြီး ကစားသူတွေများလာတာနဲ့အမျှ PUBG ဟာလည်းတခြား game တွေမှာလိုပဲ cheater တွေ hacker တွေရဲ့ခြယ်လှယ်ခြင်းကိုခံနေရပါတယ်။ PUBG Corp. ကတော့ ဒီလူတွေကိုရှင်းထုတ်ဖို့တတ်နိုင်သမျှ ကြိုးပမ်းနေပါတယ်။ အကယ်၍ရှင်းထုတ်ခံရမယ်ဆိုရင်တော့ ၁၀နှစ် (ရက်ပေါင်း ၃၆၅၀) တိတိ game ထဲကနေထုတ်ပယ်ခံရမှာပါ။ cheater တော်တော်များများကိုလည်း အရေးယူခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် cheater တော်တော်များများကတော့ ဇွဲမလျှော့နိုင်သေးပဲ account အသစ်တွေနဲ့ Player Unknown ရဲ့ Battleground ကြီးကို ပြန်လည်ဝင်ရောက်ခြယ်လှယ်လာကြပြန်ပါတယ်။ ဒီလို cheater တွေကိုရော PUBG က ဘယ်လိုထောက်လှမ်းနှိမ်နင်းသွားမလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

 

Ref: Polygon

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: