ArticleNews

၂၀၁၉ မှာအစောဆုံးထွက်ရှိလာတဲ့ survival ဂိမ်း Fallen World

Fallen World: Jurassic survivor ဆိုတဲ့ survival ဂိမ်းအမျိုးအစားဟာတော့ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့၊ ၂၀၁၉ ရဲ့အစောဆုံးမှာ Playstore ပေါ်ကိုရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

တခြား survival ဂိမ်းတွေလိုပဲ Fallen World မှာလည်း resource တွေကိုလိုက်လံရှာဖွေရတာ၊ ကိုယ့်ရဲ့ character ရှင်သန်မှုအတွက်ကြိုးပမ်းရတာအစရှိတာတွေပြုလုပ်ပြီးကစားသွားရမှာပါ။ ဆိုပေမယ့် သူ့မှာထူးခြားတာတွေရှိပါတယ်။ အဲ့ဒါကတော့ ရန်သူတွေအနေနဲ့ Zombie တွေသာမကပဲ ဒိုင်နိုဆောတွေပါ ပါဝင်လာတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Fallen World ကို Last Day on earth နဲ့ ARK : Survival Evolved နှစ်မျိုးပေါင်းစပ်ထားတဲ့ဂိမ်းတစ်ခုလို့ တော်တော်များများကခေါ်ဆိုနေကြတာပဲဖြစ်ပါတယ်။

ဒိုင်နိုဆောတွေကို တိုက်ခိုက်ပြီး အစာကျွေးလိုက်ရင်တော့ ကိုယ့်ရဲ့ဘက်တော်သားဖြစ်သွားပြီး Zombie တွေကိုတိုက်ခိုက်ရာမှာကူညီပေးတော့မှာဖြစ်ပါတယ်။ စိတ်ပါရင် ဒိုင်နိုဆောတွေကို တက်စီးလို့တောင်ရပါသေးတယ်။ အဲ့လို Zombie တွေကြားရှင်သန်အောင်ကြိုးစားရရင်း ဒိုင်နိုဆောတွေနဲ့ interactive ဖြစ်အောင်လုပ်ပေးထားတာလေးက Fallen world ရဲ့ စွဲဆောင်မှုတစ်ခုလို့ မြင်မိပါတယ်။ တော်တော်များများလည်းဒါလေးကိုကြိုက်လောက်မယ်ထင်ပါတယ်။ ?).. ဂိမ်းက Free to play ဖြစ်ပြီး Graphics ပိုင်းကတော့ အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပဲ ပုံမှန်အနေအထားလောက်နဲ့မြင်တွေ့ရမှာပါ။

Trailer!

လက်ရှိမှာတော့ Fallen World ဟာ Google Playstore ပေါ်ကိုရောက်ရှိနေပြီး Android တစ်မျိုးတည်းအတွက်သာကစားနိုင်ပါသေးတယ်။ ဒါပေမယ့် region အကုန်တော့မရသေးဘူးလို့ကြားမိပါတယ်။ Download ဆွဲလို့အဆင်ပြေရင် ကျွန်တော်တို့ကိုကွန်းမန့်မှာမျှဝေခဲ့ပါဉီးခင်ဗျ။ iOS အတွက်ကတော့ လက်ရှိမှာထွက်ရှိလာခြင်းမရှိသေးပါဘူး။

Download link – Android

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password