ArticleNews

Marvel Strike Force Mobile ထဲကိုAvengers Update နှင့်အတူဝင်ရောက်လာတဲ့Falcon

ခုလို Avengers:Endgame အကြောင်း အရမ်းကို ဟော့နေတဲ့အချိန်မှာ Marvel ဖန် တွေအတွက် Marvel Strike Force Mobile ရဲ့ update အသစ်လေးအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီသတင်းလေးက Avengers ရဲ့ အဓိက ခေါင်းဆောင်နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Captain America ရဲ့ ဘော်ဒါကြီး Sam Wilson(Falcon) ရဲ့ဖန်တွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိနေမှာပါ။ ကဲ… Marvel ဖန်ဆိုရင် ဆက်ပြီး ဖတ်ကြည့်သွားနော်။

နာမည်ကြီးဗျူဟာဂိမ်း Marvel Strike Force က player အချင်းချင်း ယှဉ်ပြိုင်ဖို့ရွေးချယ်တဲ့အချိန်မှာ ပိုမိုအဆင်ပြေစေဖို့အတွက် “Alliance War” mode ကို ဂိမ်းထဲမှာထပ်ပေါင်းထည့်လိုက်ပါတယ်။ ဒီ update အသစ်မှာပဲ Sam Wilson ရဲ့ Falcon ကို ကစားနိုင်တဲ့ ဇာတ်ကောင်အသစ်အဖြစ် ထည့်သွင်းမိတ်ဆက်လာပါသေးတယ်။

ဒီဂိမ်းထဲမှာတော့ Falcon ကို MCU ဇာတ်ကားတွေထဲမှာ မြင်တွေ့ခဲ့ရတဲ့ EXO-7 Wingsuit နဲ့မြင်တွေ့ရမှာပါ။ သူဟာ Blaster class hero ဖြစ်ပြီးတော့ သူ့ရဲ့ ability တွေဟာ positive buff ရှိနေတဲ့ရန်သူတွေကို damage ပိုထိစေပါတယ်။ အဲဒါကြောင့် Falcon ဟာ buff အားကိုးတဲ့ Tank Protector တွေကိုချဖို့သင့်တော်တဲ့ character လို့ဆိုရမှာဖြစ်ပါတယ်။

Falcon ကအခုလက်ရှိ update မှာပထမဦးဆုံးမိတ်ဆက်ခြင်း ခံလိုက်ရတဲ့ Avenger ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီးတော့ အခြား Avengers တွေကိုလည်း ဖြည်းဖြည်းချင်းထည့်သွင်းသွားမယ့် အလားအလာရှိတယ်လို့ဆိုကြပါတယ်။

Marvel Strike Force ဟာ Avenger တွေကို အဓိက အသားပေးထားတဲ့ strategy ဂိမ်းတစ်ခုဖြစ်တာကြောင့် Marvel ဖန်တွေကြားမှာ အရမ်းကို အောင်မြင်ပါတယ်။ အခုနောက်ဆုံး ထွက်ရှိလာတဲ့ update အသစ်ကလည်း တကယ့်ကိုမိုက်တာကြောင့် လုံးဝကို လက်မလွှတ်သင့်ပဲ try ကြည့်သင့်ပါတယ်နော်…။

Source – CBR

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password