Reviews

ကျိန်စာသင့်နေတဲ့ နတ်သမီးတိုင်းပြည်ကို ပြန်လည်ကယ်တင်ပေးရမယ့် Fairy Land Rescue

စုန်းမကြီးရဲ့ ကျိန်စာကြောင့် ပျက်စီး သွားတဲ့ နတ်သမီးတိုင်းပြည်ကို နဂိုအတိုင်းပြန်လည် လှပလာအောင် ဆောင်ရွက်ပေးရမှာဖြစ်တယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့ရပြီး အခုအချိန်အထိကို ပရိသတ်အများရဲ့ အချစ်တော်လေးတွေ ဖြစ်နေဆဲဖြစ်တဲ့ Tinker Bell နဲ့ သူ့သူငယ်ချင်း fairies တွေနဲ့ ကစားရမှာဖြစ်လို့ မိတ်ဆွေ ကြိုက်နှစ်သက်မှာပါ။ ချစ်စရာကောင်းတဲ့ နတ်သမီးလေး ၄ယောက် ရဲ့အကူအညီနဲ့ ပျက်စီးနေတဲ့အိမ်တွေ ၊ ကျိုးနေတဲ့ တံတား တွေ နဲ့ ရေခမ်းနေတဲ့ ချောင်း တွေ ကို ပြင်ဆင်ပေးရမှာပါ။ ချုံ ၊ နွယ်တွေကိုရှင်းလင်းပြီး ပန်းပင်တွေကိုမှော်အစွမ်းနဲ့ ဖန်တီးကာ သဘာဝကိုပြန်အသက်သွင်းရမှာဖြစ်တယ်။

ချစ်စရာကောင်းတဲ့ Characters တွေအများကြီး ပါဝင်မှာဖြစ်ပြီး လှပတဲ့ decorations တွေကို မိတ်ဆွေကိုယ်တိုင် ပြုလုပ်ပေးရမှာဖြစ်တယ်။ မှော်အစွမ်းရှိတဲ့ Crystals တွေ နဲ့ spell book ကို ပေးထားမှာဖြစ်ပြီး အခြား မတူညီတဲ့ items တွေကိုလည်း အသုံးပြုနိုင်မှာဖြစ်တယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ puzzles တွေကို ဖြေရှင်းရင်း ပိုလာဝက်ဝံ၊ ဖားပြုတ်မိသားစု၊ ခရု စတဲ့ဒုက္ခရောက်နေတဲ့ ချစ်စရာသတ္တဝါ လေးတွေကို ကယ်တင်ပေးရမှာပါ။

သက်ဝင်လှုပ်ရှားနေတဲ့ Graphic designs နဲ့ animations က မိတ်ဆွေကို ဂိမ်း စစ ကစားချင်းမှာပဲ ဆွဲဆောင်နေမှာဖြစ်တယ်။ Lock လုပ်ထားတဲ့ နေရာတွေကို တစ်ဆင့်ချင်းကစားပြီး ဖြည်လို့ရသလို တကယ့် ငွေကြေးပေးပြီးလည်းဝယ်လို့ရပါတယ်။

Offline ကစားနိုင်ပြီး game ထဲမှာ review ထက်ပိုတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတွေ အများကြီးပါဝင်နေမှာဖြစ်တယ်။ ကယ်…အဲ့တာဆိုရင် အချိန်ဆွဲမနေတော့ပဲ ချစ်ရာကောင်းတဲ့ နတ်သမီးလေးတွေကို ကူညီပြီး စုန်းမကြီးကို နတ်သမီးတိုင်းပြည်ကနေ နှင်ထုတ်ဖို့ Fairy Land Rescue ကို download လုပ်ပြီး ကစားကြည့်ကြရအောင်နော်။

Android, ios နှစ်မျိုးစလုံးနဲ့ free ကစားနိုင်ပါတယ်။ Download လုပ်သူအရေအတွက် 1 billion ကျော်အထိရရှိတဲ့အတွက် လူကြိုက်အရမ်းများနေတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

 

 

 

Image Source : Fairy Land Rescue 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: