News

Video game streaming feature အသစ်ကို ထည့်သွင်းလိုက်တဲ့ Facebook

Facebook က video game broadcaster တွေကို ဆွဲဆောင်ဖို့အတွက်ရည်ရွယ်ပြီး feature အသစ်ကိုထည့်သွင်းလိုက်ပြန်ပါပြီ။ Professional player တွေ အခြား facebook အသုံးပြုသူတွေထံကို gaming video တွေ stream လုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ တုန်းက gaming creator program ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Gaming Creator Page ကိုတော့ မနေ့ကမှ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ အဲ့တာကြောင့် video game fan တွေလည်း creator တွေပြုလုပ်ထားတဲ့ gaming video တွေ ၊ သူတို့ follow ထားတဲ့ ဂိမ်းတွေ ၊ like လုပ်ထားတဲ့ page တွေနဲ့ ပိုင်ဆိုင်တဲ့ group တွေ ရဲ့ သတင်းတွေတစုတဝေးတည်းကို fb.gg ကနေရှာဖွေလို့ရနေပါပြီ။ Gaming portal က creator တွေ ၊ esports ပြိုင်ပွဲတွေနဲ့ ၊ gaming industry event တွေက content တွေကို အသားပေးထားတဲ့အတွက် video game fan တွေအတွက်တော့ လုံးဝကို ကွက်တိပါပဲ။

Esports က ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၅၀ သန်း ကျော် တန်ကြေးရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ နာမည်ကြီးလာတဲ့ အားကစားနည်းတစ်ခု ဖြစ်ပါတယ်။ Facebook က esports လောကကို ပိုပြီးအောင်မြင်စေချင်နေတဲ့အတွက် ခုလို gaming feature အသစ်ကို ထည့်သွင်းလိုက်တာလို့ သိရပါတယ်။ လာမယ့်နှစ်အတွက် esports industry ကို ၁ ဘီလီယံ အထိ ဖြစ်ဖိုလည်း မျှော်မှန်းထားကြပါတယ်။

မနေ့က ဖော်ပြခဲ့တဲ့ blog post မှာတော့ –

“ကျွန်တော်တို့ gaming creator အသစ်တွေကို သတင်းအချက်အလတ် တွေပေးချင်တယ်။ သူတို့ရဲ့ လိုအပ်ချက်ကိုလည်း ထောက်ပံ့ပေးချင်တယ်။ အဲ့တာကြောင့် သူတို့ Livesteam ကို ပိုပြီလွယ်လွယ်ကူကူ လုပ်နိုင်အောင် ၊ သူတို့အဖွဲ့အစည်း လျင်လျင်မြန်မြန် ကြီးထွားလာအောင် ၊ content အကြီးကြီးတွေကို အာရုံစိုက်နိုင်အောင် လုပ်ပေးတာပါ”
Source: CNET

လို့ပြောကြားထားတာတွေ့ရပါတယ်။

အခုဆိုရင် facebook က အခုမှစပြီး stream လုပ်မယ့် beginning streamer အသစ်လေးတွေအတွက် Level Up program အသစ်ကို လည်းထုတ်လုပ်လိုက်ပါပြီ။ Program အသစ်မှာ streamer တွေက fan base တစ်ခုတည်ထောင်နိုင်မှာဖြစ်ပြီး fan subscriptions တွေကနေ ဝင်ငွေရရှိနိုင်မယ်လို့လည်း သိရပါတယ်။ Level Up အဖွဲ့ဝင်တွေက feature အသစ်တွေ၊ gaming creator တွေရဲ့ အကြံဉာဏ်တွေနဲ့ facebook ရဲ့ နည်းပညာပိုင်း ပြဿနာဖြေရှင်းပေးမှု အခွင့်အလမ်းတွေကို ရရှိမယ်လို့သိရပါတယ်။

အကယ်၍ သင်က ဂိမ်းကစားရတာဝါသနာပါပြီး steamer တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ FB Gaming ထဲဝင်ပြီး အသေးစိတ်ကို ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။ အားလုံးမှာ အခွင့်အရေးတွေရှိပါတယ်။

ဒီတစ်ခေါက်သတင်းကတော့ ဂိမ်းကစားရင်းနဲ့ steaming လုပ်ချင်တဲ့ gamer တွေအတွက် တကယ့်ကို သတင်းကောင်းတစ်ခုလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတာ ဒီအခွင့်အရေးကို အသုံးချပြီး သင်လည်း facebook ရဲ့ နာမည်ကြီး video game streamer တစ်ယောက်ဖြစ်လာနိုင်ပါတယ်နော်…။

 

Ref: CNET

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: