ပေါ့ပေါ့ပါးပါးနဲ့တမူထူးခြားတဲ့ဂိမ်းကိုစိတ်ဝင်စားမယ့် Mobile Game ချစ်သူများအတွက်  FaceDance Challenge!

ဒီဂိမ်းဟာမိတ်ဆွေဆော့ဖူးနေကျ ဂိမ်းတွေလိုမဟုတ်ဘဲ တမူထူးခြားနေမှာပါ။ 2017 June မှာထွက်ရှိထားတာဖြစ်လို့ထွက်ထားတာသိပ်တော့မကြာသေးပါဘူး။ ဒီဂိမ်းရဲ့ အဓိကဇာတ်ကောင်ကမိတ်ဆွေကိုယ်တိုင်ပါပဲ။ မိတ်ဆွေကိုယ်တိုင် In Game ထဲဝင်ဆော့ရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ Camera Technology ကိုသုံးထားတဲ့ဂိမ်းလေးဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဒီဂိမ်းဆော့တော့မယ်ဆိုရင် Camera တော့ဖွင့်ရမှာပါ။ Camera Technology သုံးထားတာကြောင့်မိတ်ဆွေမျက်နှာကို Scan ဖတ်ပြီးတာနဲ့စတင်ဆော့နိုင်မှာဖြစ်ပါတယ်။ဂိမ်းအတွင်းကမျက်နှာပြောင်တဲ့ Emoji  တွေနဲ့အတူ သီချင်းသံစဉ်တွေစတင်ထွက်ပေါ်လာမှာပဲဖြစ်ပါတယ်။

                                                         

ကစားနည်းကတော့ဂိမ်းထဲကထွက်လာတယ့်မျက်နှာပြောင်တဲ့ Emoji တွေအတိုင်းလိုက်လုပ်ရုံပဲဖြစ်ပါတယ်။ လိုက်လုပ်ပြီးရင်တော့မိတ်ဆွေလိုက်လုပ်ထားတဲ့ Video လေးကို record လုပ်ထားနိုင်ပါတယ်။ Record လုပ်ထားတာကို Social Media မှာ Share တာပဲဖြစ်ဖြစ်၊ မိမိကိုယ်ကိုပြန်ကြည့်ပြီးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေကိုပြန်ပြတာပဲဖြစ်ဖြစ်ပြုလုပ်ပြီး မိတ်ဆွေ ခွီနိုင်ပါပြီ။

                                                      

ဂိမ်းထဲကထွက်လာတယ့်မျက်နှာပြောင်တဲ့ Emoji တွေအတိုင်းမျက်နှာပြောင်ပြီးလိုက်လုပ်နိုင်လေ မိတ်ဆွေရဲ့ Score ပိုတက်လေပဲဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ အရေးကြီးဆုံးအပိုင်းကတော့ Crazy Time ပါပဲ။ Crazy Time မိတ်ဆွေမျက်နှာအနေအထားပိုပေါနိုင်လေ Score ပိုရလေပါပဲ။ ဒီဂိမ်းမှာသီချင်းတွေကို Analyze လုပ်နိုင်တဲ့ Engine ပါတာကြောင့်သီချင်းတွေကိုတော့မိတ်ဆွေတို့စိတ်ကြိုက်ပြောင်းနိုင်ပါတယ်။

Free To Play ပါ။ ပေါ့ပေါ့ပါးပါးကစားနိုင်တဲ့ Game အမျိုးအစားဖြစ်ပါတယ်။ Android နဲ့ IOS နှစ်မျိုးလုံးတွင်ကစားနိုင်တာကြောင့်ပေါ့ပေါ့ပါးပါးဂိမ်းတွေကိုကစားချင်တဲ့ Mobile Player များကိုသတင်းပေးလိုက်ပါတယ်။

Image Source:

https://play.google.com/store/apps/details?id=com.diffcat.facedance2&hl=en

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password