Reviews

အဆုံးအစွန်ထိ သွားကြမယ် Snake on a String

စိတ်ရှည်ရှည် ဆော့ကစားလို့ ကောင်းမယ့် ဂိမ်းလေးကိုတော့ Playon ဆီသို့ ယူဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ Snake on a String လို့အမည်ပေးထားတဲ့ ဂိမ်းလေးကတော့ ဖန်တီးပုံဖော်ထားမှုဟာလည်း ချစ်စရာကောင်း လို့နေပါတယ်။ ရိုးရှင်းမှုနဲ့ အတူ ပျော်ရွှင်စရာများကို ရှာဖွေနိုင်ပြီဆိုတော့ ရယူထားသင့်တဲ့ ဂိမ်းတစ်ခု အဖြစ်ကျွန်တော်ကတော့ မှတ်ချက်ပြုပါရစေ။

             

In game အနေနဲ့ အရောင်မတူ ကွဲပြားတဲ့ မြွေများစွာ ပါဝင်နေပြီး စိန်ခေါ်မှုများစွာဟာလည်း စောင့်ကြိုနေမှာပါ။ ဒီနေရာမှာမိတ်ဆွေအတွက် သတိထားရမှာကတော့ အေးအေးဆေးဆေး အနားယူတဲ့ အချိန်မှာသာ ဆော့ကစားဖို့ အကြံပြုပါရစေ။ အကယ်လို့ ဆော့ကစားနေချိန်အတွင်း တခြားအာရုံပြောင်းသွားမယ် ဆိုရင်ကတော့ ရှုံးဖို့ သေချာသလောက်ရှိနေမှာပါ။ Endless ပုံစံ ဖြစ်တဲ့အတွက်ကြောင့် ဘယ်ချိန်မှာ ဘယ်လိုဖြစ်မယ် ဆိုတာတွေကတော့ ခန့်မှန်းရခက်တာပေါ့ဗျာ။

သင့်အနေနဲ့ ပျင်းရိနေလို့ ဘဲဖြစ်ဖြစ် အားလပ်ရက်များမှာ ဘာမှလုပ်စရာမလိုဘူး ဆိုရင်တော့ ဒီဂိမ်းလေးက သင့်အတွက် ပျော်ရွှင်စရာများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ အကောင်အသေး၊ အကောင်အကြီး များနဲ့ အခြား ခြားသော အကောင်များဟာ လည်းပါဝင်နေတာကြောင့် မိတ်ဆွေအနေနဲ့ ဒီစိန်ခေါ်မှုအတွက် အဆင်သင့် ဖြစ်နေပီလား။

ဂိမ်းကိုတော့ Free to play အနေနဲ့ မိုလ်ဘိုင်း Platform ဖြစ်တဲ့ Google Play Store မှာရယူနိုင်ပြီဆိုတော့ အခုဘဲ အပြေးလေးရယူလိုက်ဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

Google Play Store

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: