News

Pre-register လုပ်လို့ရနေပြီဖြစ်တဲ့ Evolution 2 : Battle for Utopia

Sci-fi original ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Evolution 2 : Battle for Utopia ကို Pre-register လုပ်လို့ရနေပြီဖြစ်တယ်လို့ သိရပါတယ်။ Evolution 2 : Battle for Utopia က Utopia လို့ခေါ်တဲ့ ဂြိုလ်ကြီးတစ်ခုမှာ အခြေတည်ထားတာပါ။ Utopia ကမ္ဘာမှာ မကောင်းဆိုးဝါးတွေနဲ့လူသားတွေ တိုက်ခိုက်ကြတဲ့အပြင် လူသားတွေ အချင်းချင်းလည်း တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ကြပါတယ်။ အဲ့တာကြောင် ဒီဂိမ်းလေးကို မကစားခင်ကတည်းက non-stop combat တွေကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရမှာဖြစ်ပါတယ်နော်။ဂိမ်းထဲမှာ ဟီးရိုးတွေ ၊ လူသတ်သမားတွေ ၊ လှပတဲ့ အမျိုးသမီးတွေ နဲ့ သိပ္ပံပညာနဲ့ပေါင်းစပ် ဖန်တီးထားတဲ့ သန္ဓေပြောင်းသတ္တဝါတွေ ပါဝင်ပါတယ်။ Player က ကိုယ်နဲ့ တိုက်ခိုက်မယ့် ဇာတ်ကောင်ကို စိတ်ကြိုက် ရွေးချယ်ပြီး အနိုင်ပိုင်းရမှာ ဖြစ်ပါတယ်။

Player က ငရဲကြီးတစ်ခုလို ဖြစ်နေတဲ့ နေရာကို ငြိမ်းချမ်းမှုတွေဆောင်ကျဉ်းယူလာမယ့် ကပ္ပတိန် Blake နေရာကနေ အရင်ဆုံးပါဝင်ကစားရမှာဖြစ်ပါတယ်။လမ်းတစ်လျောက်မှာ ကွဲပြားတဲ့ လက်နက်တွေကိုသုံးပြီး တစ်ဖက်ပြိုင်ဘက်ကို တိုက်ခိုက်ရမှာပါ။ ဂိမ်းထဲမှာ single player campaign ၊ သူငယ်ချင်းတွေနဲ့ co-op သို့ အွန်လိုင်း multiplayer အကုန်လုံးနဲ့ ကစားနိုင်ပါတယ်။ အောက်မှာ နမူနာလေးကို ပြထားပါတယ်နော်။

ဒီဂိမ်းကို ရွေးချယ်သင့်တဲ့ ပထမဦးဆုံးအချက်က ရုပ်ထွက်ပါ။ ရုပ်ထွက်က အရမ်း အရမ်းကို ကြည်လင်ပြီး အသံစနစ်ကလည်း တကယ့်ကို အလန်းဆိုတာ trailer ထဲမှာ သေချာမြင်တွေ့ရမှာပါ။ ပြီးတော့ ဂိမ်းရဲ့ setting ပိုင်းကလည်း သိပ္ပံဆန်တဲ့ နေရာမှာ အခြေတည်ထားတာကြောင့် ကြမ်းကြမ်း ရမ်းရမ်းတွေကိုမှ ကြိုက်တယ်ဆိုတဲ့ gamer တွေအတွက် လုံးဝကို perfect ပါပဲ။ ဒါ့အပြင် ဒီဇိုင်းတွေနဲ့ decoration ကလည်း မိုလ်ဘိုင်း ဂိမ်းတစ်ခုလို့ မထင်ရလောက်အောင်ကို စွဲမတ်စရာကြီးပါ။ Upcoming ဂိမ်းတွေထဲက လုံးဝကို လက်မလွှတ်ပဲ စောင့်သင့်တဲ့ဂိမ်းတစ်ခုပါနော်… အခုချက်ချင်းပဲ pre-register လုပ်ပါတော့မယ်ဆိုတဲ့ ဘော်ဘော်တို့အတွက် အောက်မှာ link လေးတွေပါ တစ်ခါတည်း ထည့်ပေးထားပါတယ်နော်…XD
Pre-register – Google Play

P.S – iOS အတွက်တော့ pre-register လုပ်ဖို့အတွက် link မထွက်လာသေးပါဘူး။

Source – https://www.droidgamers.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password