News

မူလထက် ၁၀ရာခိုင်နှုန်း သက်သာမယ့် နှုန်းထားနဲ့ကစားလို့ရနေပြီဖြစ်တဲ့ Evoland 2

Playon ပရိသတ်ကြီးရေ ငယ်ငယ်တုန်းက သင်အရမ်းကြိုက်ခဲ့ရတဲ့ ဂိမ်းလေးတွေက ဘာဂိမ်းလေးတွေလဲ ? Evoland က သင်ငယ်ငယ်တုန်းက ကစားဖူးခဲ့တဲ့ video ဂိမ်းကို အခြေခံထုတ်လုပ်ထားတဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက တည်ရှိခဲ့တဲ့ ဂိမ်းတွေကို ပြန်လည်ကိုးကား ထုတ်လုပ်ထားတာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ စွန့်စားခန်းတွေနဲ့ နာရီ ၂၀ ကျော်ကြာအောင် ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Shiro Games မှ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး August , 2015 မှာ Microsoft Windows အတွက် စတင်ပြီး ထုတ်လုပ်ခဲ့ပါတယ်။ မိုလ်ဘိုင်း အတွက်တော့ အခု ၂၀၁၈ ခုနှစ်မှ စတင်ကစားနိုင်တာဖြစ်ပြီး iOS မှာပဲ ကစားလို့ရပါသေးတယ်။

ဂိမ်းထဲမှာ 2D RPG ၊ 3D ရန်သူနဲ့ ဖိုက်တဲ့ အခန်းနဲ့ mini-games အမျိုးအစားတွေကို တွေ့ရမှာဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ Art စတိုင်တွေနဲ့ ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး ထူးခြားတဲ့ plot ဇာတ်ကွက်တွေနဲ့ ကစားရမှာပါ ။ ရန်သူတွေနဲ့ တစ်ယောက်ချင်း ဖိုက်တဲ့ အခန်းတွေမှာဆိုရင်လည်း တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ.. Evoland ရဲ့ နောက်ဆက်တွဲ ထုတ်လုပ်လိုက်တဲ့ ဂိမ်းဖြစ်လို့ ပုံစံကတော့ အကြမ်းဖျင်းအားဖြင့် နည်းနည်းခပ်ဆင်ဆင်လေး တူပါတယ်။

ဂိမ်းထဲမှာ ထူးခြားတာလေးက ရှုပ်ထွေးတဲ့ အနာဂတ်အခြေအနေနဲ့ time-travel အချိန်ခရီးသွားတာကို အခြေခံထားတာဖြစ်လို့ 2D , 3D က တစ်လှည့်စီဖြစ်နေတာလေးပဲဖြစ်ပါတယ်။ ကိုယ်ပိုင်နောက်ခံသမိုင်းကြောင်း ကိုယ်စီရှိတဲ့ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေ၊ ပုံပြင်တွေ နဲ့ ချိတ်ဆက်ထားတဲ့အတွက် ဂိမ်းကစားတဲ့ ပုံစံက ပြောင်းလဲနေမှာပါ။ နောက်မှာ နမူနာ video လေးကြည့်နိုင်ပါတယ်။

PC ဂိမ်းကို မိုလ်ဘိုင်းအနေနဲ့ ပြောင်းပြီး သေချာလေးဖန်တီးထားတဲ့ ဂိမ်းလေးဖြစ်တဲ့အတွက် သင်လည်း ကြိုက်နှစ်သတ်မယ်လို့ ထင်ပါတယ်။ သင့်ကို အံ့သြ ၊ ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံတွေပေးစွမ်းနိုင်မယ့် ဂိမ်းဖြစ်တာကြောင့် လုံးဝကို ကစားကြည့်သင့်တယ်နော်။

iOS တစ်မျိုးတည်းအတွက်ပဲကစားနိုင်မှာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ ၆.၉၉ ( မြန်မာငွေ နဲ့ဆိုရင် ၉၀၀၀ ဝန်းကျင်လောက်) ကျသင့်မှာပါ။ ပေးရတဲ့ ဈေးနဲ့ တန်တဲ့အပြင် ၁၀% လျော့ဈေးပါပေးထားတဲ့အတွက် mobile gamers လေးတွေ စိတ်ကူးမလွဲသင့်ဘူးနော်…။

Download Link: iOS

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: