News

“ARK: Survival Evolved” Mobile နဲ့ပတ်သက်ပြီး Closed Beta အပါအဝင် လက်ရှိအချိန်ထိ သိရှိရသမျှ

“ARK: Survival Evolved” က Mobile Platform ဆီလာတော့မယ်ဆိုတော့ အရမ်းကိုစိတ်ဝင်စားသွားကြတယ်ဟုတ်…

ဒီတစ်ကြိမ်မှာတော့ မကြာမီလာတော့မယ့် Closed Beta အပါအဝင် ARK Mobile နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တစ်နေရာတည်းမှာ စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

  • ARK Mobile ဟာ Free-to-Play ဖြစ်ပါတယ်
  • In App Purchases (IAP) တွေပါဝင်မှာဖြစ်ပြီးတော့ “Pay-to-Win” မဟုတ်ပဲ “Pay-to-be-Convenienced” ဖက်ကို ပိုမိုချဉ်းကပ်ထားတယ်လို့ ဆိုပါတယ် (စကားချပ် – ဒီတစ်ချက်ကတော့ စောင့်ကြည့်ရမှာပါ)
  • Mobile Version ဟာ PC နဲ့ 1:1 Port မဟုတ်တဲ့အတွက် Feature တွေဟာ PC/Console Version နဲ့ up-to-date တူညီမှာမဟုတ်ပါဘူး
  • ARK Mobile ဟာ Standalone Port ဖြစ်ပြီးတော့ PC/Console နဲ့ Cross-Platform ကစားလို့မရပါဘူး
  • Closed Beta က iOS အတွက် အရင်ပြုလုပ်မှာဖြစ်ပြီး Android အတွက်က နောက်မှလာမှာပါ
  • iOS Beta Invite ပထမဆုံးအသုတ်ကို ဒီတစ်ပတ်ထဲမှာ စတင်သွားမှာဖြစ်ပါတယ်
  • ဆော့ကစားလို့ရမယ့် Device Model တွေကတော့ ~ iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus, iPhone X, iPad Air 2, iPad Mini 4, iPad 2017 နဲ့ iPad Pro Model စုံတို့ဖြစ်ပါတယ်
  • iOS အတွက် ဒေါင်းရမယ့် App Size က 1.6 GB ဖြစ်ပြီးတော့ Free Storage 3.2 GB လိုအပ်ပါမယ်
  • ဆော့ကစားဖို့အတွက် iOS အတွက်ဆိုရင် 2GB RAM နဲ့ Android အတွက်ဆိုရင် 3GB RAM လိုအပ်ပါမယ်
  • Beta အတွင်းက Save Data တွေဟာ Live Server ကို ဆက်လက်သယ်ဆောင်သွားမှာမဟုတ်ပါဘူး
  • Official ထွက်တဲ့အချိန် Bluetooth Controller တွေကို support ပေးသွားမှာဖြစ်ပါတယ်

 

Beta မှာပါဝင်ဖို့အတွက် Sign-Up ပြုလုပ်ရမှာဖြစ်ပြီး အသုတ်လိုက် Invite လုပ်သွားမယ်လို့ဆိုပါတယ်။ ကဲ.. ကံကောင်းကြပါစေဗျာ… 😁

 

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: