Mobile Platform ပေါ်ကို ခြေလှမ်းဆန့်လာတော့မယ့် EVE Online

PC Game တွေနဲ့ သိပ်မစိမ်းကားလှတဲ့သူတွေဆိုရင်တော့ EVE Online ဆိုတဲ့ဂိမ်းကို မကစားဖူးရင်တောင် နားစွန်နားဖျား ကြားဖူးကြမှာပါ။ EVE Online ဟာ Player ထောင်နဲ့ချီအောင် ပါဝင်ဆင်နွှဲကြပြီး ဒေါ်လာ သောင်းသိန်းချီအောင် ဆုံးရှုံးမှုတွေရှိတတ်တဲ့ ဧရာမ Player vs Player တိုက်ပွဲတွေကြောင့် လူသိများတဲ့ MMORPG တစ်ခုဖြစ်ပါတယ်။ အဲဒီလိုနာမည်ကြီးတဲ့ EVE Online ဟာ Mobile Platform ပေါ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ Developer ဖြစ်တဲ့ CCP Games ဟာ မကြာသေးခင်ကမှ ကျင်းပသွားတဲ့ EVE Vegas 2017 မှာ Project Aurora လို့အမည်ပေးထားတဲ့ EVE Online Mobile Project ကို ကြေညာခဲ့ပါတယ်။ ဒီဂိမ်းဟာ EVE Online ရဲ့ ရှုပ်ထွေးလှတဲ့ လုပ်ဆောင်ချက်တွေကို Mobile Platform နဲ့ကိုက်ညီအောင် ပြုပြင်ပေးထားတဲ့ဂိမ်းတစ်ခု ဖြစ်ပါတယ်။ EVE Online ရဲ့ မိုင်းတူးပြီး Resource ရှာဖွေတာ၊ Solar System တွေကို စူးစမ်းရှာဖွေတာ၊ သင့်ရဲ့ Space Fleet ကိုစီမံတာ၊ တိုက်ပွဲဆင်နွှဲတာ စတဲ့ Activity တွေအားလုံးကို Project Aurora မှာ လုပ်ဆောင်လို့ရမှာ ဖြစ်ပါတယ်။ ကစားသူတွေက အခြားသူတွေနဲ့လက်တွဲပြီး မိမိတို့အဖွဲ့အစည်းကို စကြာဝဠာတစ်ခုလုံးမှာ အင်အားအကြီးဆုံး အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

Full Game ကို ၂၀၁၈ ခုနှစ်မှာ ထုတ်ဝေမှာဖြစ်ပြီး အဲဒါမတိုင်ခင်မှာ Soft Launch အနေနဲ့ နိုင်ငံအချို့မှာ စမ်းသပ်ဆော့ကစားလို့ရမှာ ဖြစ်ပါတယ်။ Project Aurora ကို Android နဲ့ iOS ၂ မျိုးလုံးမှာ Free-to-Play အနေနဲ့ ထုတ်ဝေမှာဖြစ်ပါတယ်။ Main Game ဖြစ်တဲ့ EVE Online လိုမျိုး အောင်မြင်မှုရရှိနိုင်မလားဆိုတာတော့ ဂိမ်းထွက်ရှိတဲ့အချိန်မှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အောက်မှာဖော်ပြထားတဲ့ Screenshot တွေကို ကြည့်ပြီး ကြိုတင်စိတ်ကူးယဉ်ထားလို့ရပါတယ်။ Project Aurora နဲ့ပတ်သက်ပြီး နောက် ထပ်သတင်းအချက်အလက်တွေ ရရှိခဲ့ရင် ဒီကနေဖော်ပြပေးသွားဦးမှာ ဖြစ်ပါတယ်။

 .         

 

 .         

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password