News

ရင်သပ်ရှုမောဖွယ်ရာတွေ့မြင်ရတဲ့ EVE: Echoes ရဲ့ နမူနာ ဗီဒီယို

နောက်ဆုံးမှာတော့ CCP Games က သူတို့ရဲ့ ဂိမ်းသစ်ဖြစ်တဲ့ EVE: Echoes ကို တရားဝင်ချပြပေးလိုက်ပါပြီ။ သူ့အရင် နာမည်က EVE: Project Galaxy နာမည်နဲ့ ဖြစ်ပါတယ်။ အခုမှ EVE: Echoes ဆိုပြီးနာမည် ထပ်ပြောင်းလိုက်တာပါ။ သူတို့ နှစ်ခုက ထွက်တဲ့ အချိန် သိပ်မကွာပါဘူး။ ရှေ့ ဆင့်နောက်ဆင့်ပါ။ EVE: Echoes က EvE Online ရဲ့ ဂိမ်း အသစ် တစ်မျိုးလည်း ဖြစ်ပါတယ်။

ဂိမ်းကို NetEase Games နှင့် CCP Games တို့ လက်တွဲထုတ်လုပ်ထားတာဖြစ်ပါတယ်။ EvE:Echoes ကို အခုလာမယ့် ၂၀၁၉ခုနှစ်မှာ global release ထွက်ရှိလာဖို့ ရည်ရွယ်ထားပြီး Chinese market ပေါ်ကို အရင်ရောက်လာမယ်လို့ သိရပါတယ်။ iOS နဲ့ Android နှစ်မျိုးလုံးအတွက် ထွက်ရှိလာမှာလို့ သိရပါတယ်။

Eve: Echoes က Kongregate မှ ထုတ်လုပ်ထားတဲ့ Eve: War of Ascension ကနေ ခွဲထွက်လာတဲ့ ဂိမ်းဖြစ်ပါတယ်။ နှစ်မျိုးစလုံးက မတူညီတဲ့ အချိန် ကာလ မှာ ထွက်ရှိလာတဲ့ strategy game တွေဖြစ်ကြပါတယ်။ Eve: Echoes က ထူးခြားတဲ့ Gameplay ပုံစံနဲ့ ဖွဲစည်းထားတဲ့ ဂိမ်းဖြစ်တာကြောင့် ကစားရတာ အရမ်းကိုမိုက်နေမှာပါ။EvE : Echoes နဲ့ ပတ်သတ်ပြီး CCP Games မှ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ခုလိုပဲ ပြောခဲ့ပါတယ်။

“NetEase နဲ့ အတူတူပူးပေါင်းပြီး ကမ္ဘာ့ အကောင်းဆုံး mobile အဖြစ် ကျွန်တော်တို့ တန်ဖိုးထားရတဲ့ IP EvE Online က စတင်ဆွေးနွေးတဲ့ အချိန်ကတည်းက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းခဲ့တာပါ။ သူ့ရဲ့ မိုလ်ဘိုင်းဗားရှင်းက ပရိသတ်တွေအများကြီးဆီကို ပြန်လည် refine လုပ်ထားတဲ့ မူရင်း PC အတွေ့အကြုံကို ပေးစွမ်းနိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။”

ဂိမ်းရဲ့ နမူနာ ဗီဒီယိုလေးကို အောက်မှာကြည့်လို့ရပါတယ်။

Wow Wow Wow…. ဆွဲဆောင်မှုရှိတဲ့ graphic စတိုင်တွေ့ကတော့ ညှိုချက်ပြင်းတယ်နော့်။ ဒါ့အပြင် နာမည်ကြီး ဂိမ်းကုမ္ပဏီကြီး နှစ်ခု က ပူးပေါင်း ထုတ်လုပ်ထားတာဆိုတော့ သေသပ်မှုကတော့ လုံးဝကို စိတ်ပူနေဖို့တောင်လိုမှာမဟုတ်ဘူးနော်။

ဂိမ်းထဲမှာ player တွေက corporation တွေ ကို ဆက်သွယ်နိုင်သလို ဦးဆောင်လို့လဲရပါတယ်။ နက်ရှိုင်းပြီး လုံးဝကို အစစ်အတိုင်း ဖြစ်နေတဲ့ social system ကလည်း player တွေကို လုံးဝကို မိုက်တဲ့ lifestyle တစ်ခုကို ဖြည့်ဆည်းပေးနိုင်မှာပါ။

အောက်မှာ Eve: Echoes ရဲ့ gameplay screenshot လေးတွေကို တစ်ပုံခြင်းပြပေးထားပါတယ်။ ကြည့် ရှုခံစားကြည့်ကြပါဦးနော်။

ဒီလောက်ဆိုရင် ဘော်ဒါတို့တွေလည်း Eve: Echoes အကြောင်းကို သိသင့်သလောက် သိသွားပြီပေါ့နော်။ ထွက်ရှိမယ့် ရက်နဲ့ ဈေးနှုန်းကို တော့ အနားနီးရင် ထပ်ပြီးပြောပြပေးပါ့မယ်။ ခန့်မှန်းချေ ၂၀၁၉ လောက်မှ ထွက်ရှိလာဖို့ များပါတယ်။

Source- https://screenrant.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password