Reviews

Graphic designs မိုက်မိုက်နဲ့ ကစားရမယ့် Eternium

အကောင်းဆုံး role-playing နဲ့ ပေါင်းစပ်ထားတဲ့ ဂိမ်းတွေထဲကတစ်ခုဖြစ်တယ်။ ကျေးရွာတွေ၊ မှောင်မိုက်တဲ့ဂူကြီးတွေနဲ့ တောအုပ်ကြီးတွေကို ဖြတ်သန်းပြီး လမ်းခရီးမှာရှိတဲ့ ရန်သူမကောင်းဆိုးရွားတွေကို တိုက်ခိုက်ရမှာပါ။ Adventure ဂိမ်းဖြစ်တာကြောင့် ထူးခြားဆန်းကြယ်တဲ့ အရာတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။

ရန်သူတွေထဲမှာ အရိုးစုတွေ၊ ဘီလူးတွေ၊zombiesတွေ၊ဂြိုလ်သားတွေ၊ နဂါးတွေ စတဲ့ ကြောက်မတ်ဖွယ်ကောင်းတဲ့ အရာတွေ အများကြီးပါဝင်မှာဖြစ်တယ်။ မိတ်ဆွေဘက်မှာလည်း မကောင်းဆိုးရွားတွေကို တိုက်ခိုက်မယ့် heroes တွေကို ပေးထားမှာဖြစ်ပြီး ဓား၊ပုဆိန်၊ သေနတ်၊ စတဲ့ လက်နက်တွေကို ကိုင်ဆောင်ခွင့်ရမှာဖြစ်တယ်။

Online ဂိမ်းအမျိုးအစား ဖြစ်ပြီး အခြားဂိမ်းတွေလို purchase ဝယ်ပြီး unlock လုပ်ရတာမျိုးတွေ လုံးဝမပါဝင်ပါဘူး။ ဂိမ်းထဲမှာရှိတဲ့ ထူးခြားဆန်းကျယ်မှုတွေအားလုံးကို ကစားရင်းနဲ့သာ တွေ့နိုင်မှာဖြစ်တယ်။ အစပိုင်းမှာတော့ ရိုးရှင်းလွယ်ကူမှာဖြစ်ပြီး နောက်ပိုင်းတွေတဖြည်းဖြည်း လျှို့ဝှက်နက်နဲ လာမှာဖြစ်တယ်။ ရန်သူတွေနဲ့ တိုက်ခိုက်၊ quests တွေကိုလုပ်ဆောင်ပြီး ဂိမ်းအတွက် အရေးပါတဲ့ gems တွေကို စုဆောင်းရမှာဖြစ်တယ်။

အရမ်းမိုက်တဲ့ Graphic designs နဲ့ ပုံဖော်ထားတာကြောင့် ဂိမ်းထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေက တကယ့် အပြင်ကအတိုင်း အသက်ဝင်နေမှာဖြစ်သလို အသံပိုင်းကလည်းလုံးဝကို ပြတ်သားကြည်လင်နေမှာပါ။ Online ဂိမ်းအမျိုးအစားဖြစ်ပေမယ့် ဂိမ်းထဲက content တွေကို download လုပ်ပြီးရင် offline လုပ်ကစားနိုင်ပါတယ်။ ဂိမ်းထဲမှာ ပြောမပြနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေရှိမှာဖြစ်လို့ ကိုယ်တိုင်ကစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ Android, iOS နှစ်မျိုးစလုံးမှာ free to play ပါ။ Rating ပိုင်းမှာလည်း Android ရော iOS ရော 5 မှာ 4.8 အထိရရှိထားတာဖြစ်လို့ ဂိမ်း ကောင်းတစ်ခုဆိုတာလုံးဝကို ထင်ရှားပါတယ်။

 

 

 

Image Source  – Eternium

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password