News

Olympic အားကစားမှာပါဝင်လာဖို့မသေချာတော့တဲ့ eSports အနာဂတ် 

အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဖြစ်သူ Thomas Bach အတွက် ဗီဒီယိုဂိမ်းတွေဟာ ကြမ်းတမ်းသတ်ဖြတ်မှုတွေကို အသားပေးထားတာမျိုးဖြစ်တာကြောင့် Olympic မှာအားကစားတစ်ခုအနေနဲ့ထည့်သွင်းမဖြစ်နိုင်ဘူးလို့ ယူဆထားသူတစ်ဉီးဖြစ်ပေမယ့် eSports ရဲ့ လူငယ်တွေကြားတဟုန်ထိုးရေပန်းစားလာမှုကြောင့် သူတို့ရဲ့ Olympic အားကစားအမျိုးအစားထဲမှာ eSports ကိုပါအားကစားတစ်ခုအနေနဲ့ထည့်သွင်းသွားဖို့ ရှိနေကြောင်း ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့တာတော်တော်များများသိပြီးလောက်မှာပါ။

အဲ့လိုအဆင်ပြေသလိုလိုရှိလာတဲ့အလားအလာကနေ ပြီးခဲ့တဲ့ စနေနေ့ကကျင်းပခဲ့တဲ့ Asian Games မှာ Associated Press (AP) ရဲ့ interview တစ်ခုကို Thomas Bach ရဲ့ဖြေကြားမှုအရ Olympic မှာပါဝင်မယ့် eSports ရဲ့အနာဂတ်ဟာ မှိန်သွားသလိုခံစားရမှာတော့အမှန်ပါပဲ။ Bach အနေနဲ့ AP ကို

“ကျွန်တော်တို့အနေနဲ့ အကြမ်းဖက်မှုကို အားပေးအားမြောက်ပြုတဲ့ ဗီဒီယိုဂိမ်းတွေ၊ သတ်ဖြတ်ရတဲ့ပုံစံဂိမ်းတွေကို အိုလံပစ်ပရိုဂရမ်မှာထည့်သွင်းသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အမြင်မှာ အဲ့ဒီဂိမ်းတွေဟာ Olympic values နဲ့ဆန့်ကျင်ဘက်လို့မြင်မိတဲ့အတွက်ကြောင့် ကျွန်တော်တို့လက်မခံနိုင်ပါဘူး။”

လို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

Bach အနေနဲ့ အခုလိုအရင်ကထက် eSports ကို Olympic မှာထည့်သွင်းဖို့ ကန့်ကွက်လာတာအကြောင်းအရင်းတော့ရှိပါတယ်။ အဲ့ဒါကတော့ ပြီးခဲ့တဲ့ရက်အနည်းအငယ်ကဖြစ်ပေါ်ခဲ့တဲ့ ပစ်ခတ်မှု တစ်ခုကြောင့်ပါ။ အဲ့ဒီပစ်ခတ်မှုကတော့ ဂျက်ဆင်ဗီးလ် မှာကျင်းပခဲ့တဲ့ $5000 prize pool ရှိ Madden NFL 19 ဂိမ်း Online Tournament တစ်ခုမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် ပစ်ခတ်သူအပါအဝင် လူ ၃ ဉီးသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ (Madden NFL ကတော့ EA sports ကထုတ်လုပ်တဲ့ ဘောလုံးဗီဒီယိုဂိမ်းတစ်ခုပါ။)

မီဒီယာတွေရဲ့ဖော်ပြချက် အရ ပစ်ခတ်သူဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူဖြစ်ပြီး ဂိမ်းကိုပုံမှန် နံနက် ၄ နာရီလောက်အထိကစားလေ့ရှိတယ်လို့သိရပါတယ်။ ပုံစံကလည်း ကြောက်စရာကောင်းနေသလို အမြဲတမ်းရန်လိုနေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့လဲ ဖော်ပြချက်အရသိရှိရပါတယ်။

ဒါတွေက “တန်ဆေး လွန်ဘေး” ရဲ့ရလဒ်လို့ပဲဆိုရမှာပါ။ ဘဒိုတို့ အထူးသဖြင့် နေ့တိုင်းနီးပါး ဂိမ်းကို Night out ပြီးဆော့ကစားနေကြတဲ့ ဘဒိုတို့အနေနဲ့ ဒါကိုဉပမာယူပြီး အနည်းငယ်ဆင်ခြေကြဖို့အကြုံပြုသလို eSports ရဲ့ အိုလံပစ်ပရိုဂရမ်မှာပါဝင်လာမယ့်နေ့ကို မျှော်လင့်ရင်း…. 😃)

 

Ref 1, 2

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password
%d bloggers like this: