ArticleNews

ဒေါ်လာ၂သိန်း၈သောင်းတန်ဆုကြေးငွေတွေနဲ့ ကိုယ်ပိုင် Esports ပြိုင်ပွဲပြုလုပ်လိုက်ပြီဖြစ်တဲ့ Farming Simulator

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ Esports gaming ကိုပြောပါဆိုရင် အရင်ဆုံးပြေးမြင်ကြမှာ Fortnite တို့ Overwatch တို့လိုဂိမ်းတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လို Esports ပြိုင်ပွဲတွေမှာ farming နဲ့ပတ်သတ်တဲ့ ဂိမ်းတွေကတော့ တော်တော်လေးကို တွေ့ရခဲပါတယ်။ ဒီနေ့မှာတော့ developer Giants Software က Farming Simulator League Esports ပွဲစဉ်သစ်တွေအကြောင်းကို ကြေညာခဲ့ပါတယ်။ သူ့ထဲမှာ PC ဂိမ်း စီးရီးတစ်ခုဖြစ်တဲ့ Farming Simulator ကို ကစားပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အဆိုပါ farming Esports ပွဲစဉ်အသစ်မှာ ဥရောပ ပွဲစဉ်၁၀ပွဲ ပါဝင်မှာဖြစ်ပြီး Gamescom and Paris Game Week တို့လို big event ကြီးတွေပါပါမယ်လို့သိရပါတယ်။Developer ဘက်က ဆုကြေးငွေကို ဒေါ်လာ ၂သိန်း၈သောင်းအထိ သတ်မှတ်ထားတယ်လို့သိရပြီး စပွန်ဆာအဖြစ် Logitech နဲ့ Intel တို့လို ကုမ္ပဏီကြီးတွေ ပါဝင်ပေးထားမှာပါ။
ပွဲစဉ်အသစ်မှာ player တွေက ပြီးခဲ့တဲ့၂၀၁၈ ခုနှစ်မှာ ၁၀ရက်အတွင်း ကော်ပီပေါင်း သန်းနဲ့ချီ ရောင်းချခဲ့ရတဲ့ Farming Simulator 19 ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

Farming Simulator ဂိမ်းက စိုက်ပျိုးရေးကိုအဓိက ဦးတည် ဖန်တီးထားတဲ့ဂိမ်းတစ်ခုသာဖြစ်ပေမယ့် ပရိသတ်အများကြီးကို ဆွဲဆောင်နိုင်တဲ့ဂိမ်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း Esports ပွဲစဉ်တွေအထိ စီအီးအို Christian Ammann က လုပ်ရဲတာဖြစ်ပါတယ်။

အကယ်၍ သင်က Fortnite တို့ Counter Strike တို့လို ပွဲတွေကို ကြည့်ရတာ ငြီးငွေ့နေတဲ့သူဆိုရင်ဒီ ပွဲလေးတွေက တကယ့်ကို ပုံစံတစ်မျိုးနဲ့ စိတ်ဝင်စားဖို့ကောင်းနေမှာပါ။ အဲ့ဒါကြောင့် သူတို့ကို စောင့်ကြည့်မယ့် ဘော်ဒါတွေ ရှိနေပြီလားဝေ့။

Source – www.theverge.com

Tags:

We will be happy to hear your thoughts

Leave a reply

Register New Account
Reset Password